Friday, November 28, 2014

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊ အောင်လံမြို့နယ်၊ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ထွန်းထွန်းလင်းနှင့် တပ်ဖွဲ့ဝင် များသည် မကွေးတိုင်းဒေသကြီးဗွီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီ ဒုဥက္ကဌ ဦးရဲမင်းဌေးပါ အဖွဲ့နှင့်အတူ သတင်းအရ အောင်လံမြို့၊ ကန်ကြီးရပ်ကွက်၊ မြို့မဈေးကြီးအတွင်းရှိ ဦးခင်မောင်ဝင်း (၆၀)နှစ် ၏ အောင်ကမ္ဘာ VCD / DVD အခွေအငှါးဆိုင်အား ၀င်ရောက်ရှာဖွေခဲ့ရာ ဆင်ဆာမဲ့မြန်မာ ဇာတ်လမ်း ခွေ (၄၂၀) ခွေ၊ ကာလတန်ဖိုး (၁၀၄၀၀၀ိ/-) တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် ဦးခင်မောင်ဝင်း အား အောင်လံမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၂၇/၂၀၁၄၊ ဗွီဒီယိုအက်ဥပဒေပုဒ်မ ၃၂ (ခ) အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။ 

အလားတူ အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်၊ (၁၁)လမ်းရှိ မခိုင်သန္တာဝင်း(၂၄) နှစ်၏ သိဒိ္ဓဆန်း VCD / DVD အခွေအငှါးဆိုင်အား ၀င်ရောက်ရှာဖွေခဲ့ရာ ဆင်ဆာမဲ့မြန်မာဇာတ်လမ်းခွေ (၃၃၂)ခွေ၊ ကာလတန်ဖိုး (၇၅၅၀၀ိ/-) တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မခိုင်သန္တာဝင်းအား အောင်လံမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၂၈/၂၀၁၄၊ ဗွီဒီယိုအက်ဥပဒေပုဒ်မ ၃၂ (ခ) အရ အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video