Friday, November 28, 2014

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လည် (၃း ၁၅)အချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ မင်းဘူးမြို့နယ်၊ မြို့မရဲစခန်းမှ ဒုရဲအုပ် ဇော်ကြီးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ မင်းဘူးမြို့၊ အမှတ် (၄) ရပ်ကွက်၊ ရှမ်းစုရပ်နေ ဦးသိန်းဖေမြင့်၏နေအိမ်တွင် လောင်းကစားပြုလုပ် နေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ်စဉ် (၁၉/၂၀၁၄) ဖြင့် ၀င်ရောက် ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။ 

မင်းဘူးမြို့၊ အမှတ် (၄) ရပ်ကွက်၊ ရှမ်းစုရပ်နေအိမ်တွင် ဦးသိန်းဖေမြင့်အား မတွေ့ရှိဘဲ ၄င်း၏ ဇနီးဖြစ်သူ မအေးအေးဝင်း(၃၉)နှစ်အား နေအိမ်အောက်ထပ်တွင် နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့်အတူ လောင်းကြေးငွေ ၂၄၂၀၀ိ/- တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် မအေးအေးဝင်း (၃၉) နှစ် အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၄၆/၂၀၁၄၊ လောင်းကစား ဥပဒေပုဒ်မ ၁၅ (က)/ ၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video