Wednesday, November 26, 2014

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဘတိုးနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းအရ အမှတ်(၁၅)ရပ်ကွက်၊ မြေနီကုန်းရပ်ရှိ မကြူကြူဝင်း(ခ)မ၀င်းကြည် (၄၅) နှစ်၏ နေအိမ်အား မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ပြည့်တန်ဆာ ဖမ်းဆီးခွင့်အမိန့်အမှတ်(၁၃/၂၀၁၄)ဖြင့် ၀င်ရောက် ရှာဖွေဖမ်းဆီးရာနေအိမ်၌ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေသည့်ကိုမတွေ့ရှိရသော်လည်း ကျော်ဇော သတင်းရှိသူ အမျိုးသမီး(၃)ဦးအား တွေ့ရှိ၍ ခေါ်ဆောင်ခဲ့ပြီး ပြည့်တန်ဆာအဖြစ်ဖြင့် ရှာဖွေရရှိသော စီးပွားကိုမှီ၍ အသက်မွေးဝမ်းကြောင်းပြုသည်ဟု ကျော်ဇောသတင်း ထင်ရှားသူ မကြူကြူဝင်း(ခ) မ၀င်းကြည်အား ချောက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၂၀၃/၂၀၁၄၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေပုဒ်မ ၇(၁)(ဂ) အရ လည်းကောင်း၊

ကျော်ဇောသတင်းရှိသူ ပခုက္ကူမြို့နယ်၊ သစ်ထောင်တောင်ရွာနေ မတင်တင်(၂၇)နှစ်အား မြို့မရဲစခန်း (ပ)၂၀၄/၂၀၁၄၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မ ၇(၁)(က) အရ လည်းကောင်း၊

ကျော်ဇောသတင်းရှိသူ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်နေ မလေပြေ (၂၂) နှစ်အား မြို့မရဲစခန်း (ပ)၂၀၅/၂၀၁၄၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မ ၇(၁)(က) အရ လည်းကောင်း၊

 ကျော်ဇောသတင်းရှိသူ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်နေ မသဇင် (၂၇) နှစ်အား မြို့မရဲစခန်း (ပ)၂၀၆/၂၀၁၄၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မ ၇(၁)(က) အရ လည်းကောင်း အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video