Wednesday, November 26, 2014

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက် မြို့နယ်၊ ချောက်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် သန်းမြင့်နှင့် တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့် အတူ သတင်းအရ အမှတ် (၁၅)ရပ်ကွက်၊ မြေနီကုန်းရပ်ရှိ မယုယု (၂၈)နှစ်၏ နေအိမ် အား ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ပြည့်တန်ဆာဖမ်းဆီးခွင့်အမိန့်အမှတ်(၁၂/၂၀၁၄)ဖြင့် ၀င်ရောက်ရှာဖွေ ဖမ်းဆီးရာ နေအိမ်၌ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေသည့်ကိုမတွေ့ရှိရသော်လည်း ကျော်ဇောသတင်းရှိသူ အမျိုးသမီး(၂)ဦးအား တွေ့ရှိ၍ ခေါ်ဆောင်ခဲ့ပြီး ပြည့်တန်ဆာအဖြစ်ဖြင့်ရှာဖွေ ရရှိသောစီးပွားကိုမှီ၍ အသက်မွေးဝမ်းကြောင်းပြုသည်ဟု ကျော်ဇောသတင်းရှိသူ မယုယု (၂၈)နှစ် အား ချောက်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၂၀၀/၂၀၁၄၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မ ၇(၁)(ဂ) အရ လည်းကောင်း၊

ကျော်ဇောသတင်းရှိသူ ပခုက္ကူမြို့၊ ထန်းတောကြီးရပ်ကွက်နေ မသိမ့်သိမ့် (၂၅)နှစ်အား မြို့မရဲစခန်း (ပ)၂၀၁/၂၀၁၄၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မ ၇(၁)(က) အရ လည်းကောင်း၊

 ကျော်ဇောသတင်းရှိသူ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာရွာနေ မစန်း(၃၄) နှစ်အား ချောက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၂၀၂/၂၀၁၄၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မ ၇(၁)(က) အရ လည်းကောင်း အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video