၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်(၉း ၄၅) အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ချောက်မြို့နယ် ၊ ချောက်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် သန်းမြင့်နှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းအရ အမှတ် (၁၅)ရပ်ကွက်၊ မြေနီကုန်းရပ်ရှိ မလဲ့လဲ့ခိုင်(၃၁)နှစ် ၏ နေအိမ်အား ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ပြည့်တန်ဆာဖမ်းဆီးခွင့်အမိန့်အမှတ် (၁၁/၂၀၁၄) ဖြင့် ၀င်ရောက်ရှာဖွေဖမ်းဆီးရာ နေအိမ်၌ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့်ကို မတွေ့ရှိရသော်လည်း ၎င်းနေအိမ်တွင် ကျော်ဇောသတင်းရှိသူ အမျိုးသမီး(၃)ဦးအား တွေ့ရှိရ၍ ခေါ်ဆောင်ခဲ့ပြီး ပြည့်တန်ဆာ အဖြစ်ဖြင့် ရှာဖွေရရှိသော စီးပွားကိုမှီ၍ အသက်မွေးဝမ်းကြောင်းပြုသည်ဟု ကျော်ဇော သတင်းရှိသူ မလဲ့လဲ့ခိုင် (၃၁)နှစ်အား ချောက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၉၆/၂၀၁၄၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေပုဒ်မ ၇(၁)(ဂ)အရလည်းကောင်း၊
ကျော်ဇောသတင်းရှိသူ ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်နေ မမှုံလေး (၂၁) နှစ်အား ချောက် မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၉၇/၂၀၁၄၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မ ၇(၁)(က) အရ လည်းကောင်း၊
ကျော်ဇောသတင်းရှိသူမြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်နေ မရွှေစင်အေး (၂၁) နှစ်အား ချောက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၉၈/၂၀၁၄၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မ ၇(၁)(က) အရ လည်းကောင်း ၊

ကျော်ဇောသတင်းရှိသူ မင်းဘူးမြို့၊ လေးပင်ကျေးရွာနေ မစန်းစန်းမိုး (၁၉) နှစ်အား ချောက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၉၉/၂၀၁၄၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မ ၇(၁)(က) အရ လည်းကောင်း အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment