မကွေး နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မယ်ဇလီဆည်ရေသောက် မြောက်မုန်းမြောင်းမကြီးတွင် နိုဝင်ဘာ ၂၀ ရက်နံနက်ပိုင်းကထူးပေါက်၍ မြောင်းအလျားပေ(၂၀)ခန့်ကျိုးပေါက်မှုဖြစ်ပေါ်ခဲ့ရာ မြောင်းမကြီးအတွင်းရှိ ဆည်ရေများ မိုးစပါး စိုက်ခင်းများအတွင်းသို့ ၀င်ရောက်မှုကြောင့် ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည်။
မြောင်းပေါင်ကျိုးပေါက်မှုသိရှိရသည်နှင့် တိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးဦးသောင်းထိုက်(ညွှန်ကြားရေးမှူး-မြို့ပြ)၊ဒုတိယ ညွှန်ကြားရေးမှူး၊လက်ထောက်ညွှန်ကြားရေးမှူး နှင့်တိုင်းဒေသကြီးစိုက်ပျိုးရေး၊မြေစာရင်း၊စက်မှုလယ်ယာတို့မှ တိုင်းဦးစီးမျူးများရောက်ရှိပြီး၊စက်ယန္တရားများ သယ်ယူရွှေ့ပြောင်းမည့်အစီအစဉ်များ ၊ရေလျှော့လျင် လျှော့ချင်း မြောင်းပေါင်ပြန်ဖို့ခြင်းလုပ်ငန်းများဆောင် ရွက်ရန် ၊၀ရာချောင်းတစ်လျှောက်ရှိ မိုးစပါထိခိုက်ပျက်စီးမှု စာရင်းများကောက်ယူရန်စီစဉ်ဆောင်ရွက်ခဲ့ပြီး ရေဖုန်းလွှမ်းသော လယ်ယာမြေများ၏အခြေအနေ တို့အားစစ်ဆေးကြည့်ရှုပြီး ပဏာမစာရင်း ကောက်ယူမှုများဆောင်ရွက်ခဲ့ပါသည်။
ထိုနောက် ပွင့်ဖြူမြို့နယ်မယ်ဇလီဆည်မှ မြောက်မုန်းမြောင်းအတွင်းစီးဆင်းနေသော ရေများ လျှော့နည်း သွားစေရန် မြောက်မုန်းမြောင်းထိပ် ရေတခါး(၇)ပေါက်အား ပိတ်ခဲ့ကာ ဆည်မြောင်းလုပ်သား များဖြင့် ကျိုးပေါက်သွားသော မြောင်းပေါင်ဘက်တွင် မြေသယ်ယူခြင်း၊မြေရှင်းလင်းခြင်း၊လမ်းဖေါက်ခြင်း၊
မြောင်းကျိုး နေသောပေါင်နှစ်ဘက်ကို ဆလံဖြည့်ခြင်းလုပ်ငန်းများကို စက်ယန္တရားကြီးများဖြင့် အမြန်ဆုံးဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၂ရက်နေ့တွင် မြောင်းကျိုးပေါက်မြေဖို့ပြုပြင်ခြင်းလုပ်ငန်းများ ပြီးစီးခဲ့ကြောင်းသိရသည်။
မြောက်မုန်းမြောင်းမကြီးမှ မိုးစပါးရေပေးဝေရာတွင် အချို့လက်တန်နှင့်မိုင်းနားများ အဖျားပိုင်း၌ အောင်ရေလိုအပ်မှုရှိနေသေးသဖြင့် ယာယီရေတမံအား ဖွင့်လှစ်ပြီး မြောင်းမကြီးအတွင်းသို့ ရေတား တမံအထက်ရှိ ဆည်ရေများကို နိုဝင်ဘာ ၂၃ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး မြောက်မုန်းမြောင်းထိပ် ရေတံခါး ပြန်ဖွင့်ပြီး ရေများပြန်လည်ပေးဝေထား
လျက်ရှိကြောင်း သိရသည်။
Wednesday, November 26, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment