ထီးလင်း နိုဝင်ဘာ ၂၄
ပခုက္ကူမြို့ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနသည် နိုဝင်ဘာ၂၀ ရက်က ယာဉ်လိုင်စင်သက်တမ်း တိုးခြင်း၊ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် ယာဉ်မောင်းလိုင်စင်များ ဆောင်ရွက်ပေးခြင်းတို့ကို ဂန့်ဂေါ ခရိုင် ထီးလင်းမြို့ ယောထိပ်တန်းကားဂိတ်၌ နေ့ချင်းပြီးဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယာဉ်မောင်းလိုင်စင်ဆောင်ရွက်မှုအများဆုံးမှာ ဆိုင်ကယ်လိုင်စင်ဆောင် ရွက်ခြင်းဖြစ်ကြောင်းနှင့် ထီးလင်းမြို့နယ်သည် တောတောင်လျှိုမြောင်များပြားးသည့်ဒေသဖြစ်၍ ဆက်သွယ် သွားလာခြင်း ၊ ကုန်စည်ပို့ဆောင်ခြင်းတို့ကိုဆောင်ရွက်ရာ၌ ဆိုင်ကယ်ကိုသာအဓိကထားရသည့် ဒေသဖြစ်၍ ထီးလင်းမြို့နယ်သို့ အရောက်လာရောက်၍ ယာဉ်မောင်းလိုင်စင်နှင့် ပတ်သက်သည်တို့ကို ဆောင်ရွက်ပေးသည့် အတွက် ဒေသခံ ပြည်သူများ ဝမ်းမြောက်ဝမ်းသာဖြစ်ကြကြောင်း သိရသည်။
Wednesday, November 26, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment