Wednesday, November 26, 2014

အောင်လံ   နိုဝင်ဘာ ၂၅
        မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် ပြလို့ကျေးရွာအုပ်စု နံဇူပင်ကျေးရွာ ကွင်းအမှတ် ၂၁၃ A ဦးပိုင်အမှတ်(၁/၂၃) တောင်သူဦးတင်ထွန်း၏ ချက်ကြံသီးနှံGAP (၄.၀၀)ဧက စံပြ ကွက်တွင်
စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနမှကြီးမှူး ၍ GAP စံပြကွက်ကွင်းပြပွဲ (Field Day)ပြသခြင်းကို နိုဝင်ဘာ(၂၅)ရက် နံနက်(၉း၀၀)နာရီအချိန်တွင် ကျင်ပခဲ့သည်။
        အခမ်းအနားတွင် စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး ဦးစီးမှူး ခရိုင်ဦးစီးမှူး မြို့နယ်အုပ်ချုပ်ရေးမှူး ပျဉ်းပင်လှ သကြားစက် စက်ရုံမှူး၊မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများ ဌာနဆိုင်ရာအကြီး အကဲများ ကြံစိုက်တောင်သူများတက်ရောက်ကြသည်။
        ရှေးဦးစွာ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးခင်မောင်ထွန်းမှ ပန်းတိုင်အထွက် တစ်ဧက တန်(၃၀)ထွက်ရှိရေးအတွက် အဓိက မျိုးပြောင်းလဲရေးနှင့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် GAP နည်းစနစ်များ ရှင်းလင်းပြောကြားပြီး ဌာနမှ တစ်ဧကတန်(၈၀)ထိထွက်ရှိနိုင်သော တစ်ဆစ်ချင်း ပျိုးထောင်စိုက် နည်းစနစ်အားရှင်းလင်း ၍ GAP စိုက်ခင်းအား တောင်သူများကြည့်ရှု့လေ့လာကြသည်။
        ထို့နောက်ဒုရင်္ဂဗိုလ်သကြားစက် (ပျဉ်းပင်လှ)ကြံစိုက်ပျိုးရေးခြံအတွင်းရှိ တစ်ဆစ်ပိုင်းပျိုးထောင် ကြံစိုက်ခင်းတွင် မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်မှ တစ်ဧကတန်(၈၀)ထွက်ရှိနိုင်သော တစ်ဆစ်ချင်းပျိုးထောင်စိုက်နည်း စနစ်အား အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး လက်တွေ့စိုက်ပျိုးနည်းများအာ သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း(ပုံ) သိရသည်။  

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video