Wednesday, November 26, 2014

နတ်မောက်   နိုဝင်ဘာ      ၂၆
    မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ၂၀၁၄ ခုနှစ်အတွင်း မိုးနည်းရေရှားခဲ့သဖြင့် မိုးကောင်းသောက် ဆည်ငယ် ကန်ငယ် စိုက်ပျိုးဧရိယာများတွင် မိုးစပါးလျာထားဧကအပေါ် ပြည့်မီစွာစိုက်ပျိုးနိုင်ခြင်းမရှိ၍ အလားတူနွေစပါးတွင်လည်း စီမံကိန်းလျာထားချက် (၂၈၀၁)ဧက သတ်မှတ်သော်လည်း လက်ရှိဆည်ရေလက်ကျန်အရ ကျောက်တံခါးဆည်ရေသောက် ဧရိယာအတွင်း နွေစပါး(၁၅၀)ဧကခန့်သာ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ထံမ သိရသည်။
    အဆိုပါ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော် ဦးဆောင်သော မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များသည် ပညာပေးရှေ့တန်းစခန်းနယ်မြေ(၃)မှ နွေစပါးစိုက်တောင်သူများနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ နွေစပါး စိုက်ပျိုးရေးကွင်းဆင်းဆောင်ရွက်ခဲ့ရာ မြို့နယ်ဆည်မြောင်းဦးစီးဌာန ဦးစီးအရာရှိ ဦးမိုးလှိုင်မှ လက်ရှိဆည်ရေလက်ကျန် နွေရာသီဆက်လက်ရေပေးဝေနိုင်မှုပမာဏနှင့် စိုက်ပျိုးလိုသည့် သီးနှံများ၏ တစ်ဧကရေလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင် မည့်အခြေအနေတို့ကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းမှလည်း တောင်သူများစိုက်ပျိုးလိုသည့် သီးနှံများအား နွေစပါးစိုက်ပျိုးရေးအထွက်ကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးမည့် အစီအစဉ်နှင့် မိုးစပါးရိတ်သိမ်းပြီး စိုက်ခင်းများ တွင် အစိုဓါတ်လက်ကျန်ဖြင့် ကုလားပဲ၊ပဲတီစိမ်း၊ နေကြာ၊နွေနှမ်းအစရှိသည့် သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို တက်ရောက်လာသောတောင်သူများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှဝင်း

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video