၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ် (၁) ရပ်ကွက်နေ ဦးအောင်မင်းသူ (၃၆) နှစ်သည် အမှတ်(၁) ရပ်ကွက်၊ မင်းဘူး-မကွေးကားလမ်းဘေးနေ ဖခင်ဖြစ်သူ ဦးအေးကြူ၏နေအိမ် နောက်ဖေးခြံဝိုင်းအတွင်းတွင် ဆိုင်ကယ် အမှတ် ၁၀ယ/xxxx ကန်ဘို ၁၁၀ အစိမ်းရောင်ဆိုင်ကယ်အား သော့တန်းလန်းဖြင့် ရပ်တန့်ထားကာ ဖခင်နှင့်စကားပြောပြီးနောက် ဆိုင်ကယ်အား သွားရောက်ယူဆောင်သည့်အခါ ဆိုင်ကယ်မှာ ရပ်ထား သည့်နေရာတွင်မရှိတော့၍ လိုက်လံစုံစမ်းရှာဖွေစဉ် နေအိမ်ရှေ့(၃၀)ပေအခန့်အကွာတွင်အမည်မသိ လူတစ်ဦးမှ ဆိုင်ကယ်အားတွန်း၍ ယူဆောင်သွားသည်ကိုတွေ့မြင်ရသဖြင့် အနီးပတ်ဝန်းကျင်သို့ အကူအညီတောင်းခံ၍ လိုက်လံဖမ်းဆီးပြီးမေးမြန်းရာ ပွင့်ဖြူမြို့နယ်၊ ရွာသာကြီးကျေးရွာနေ နေ၀င်း (၃၄)နှစ် ဖြစ်ကြောင်း သိရှိရသည်။
ဆိုင်ကယ်အား ခိုးယူသူ နေ၀င်း (၃၄)နှစ်အား အရေးယူပေးပါရန် ဦးအောင်မင်းသူမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၄၇/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉ (ဆိုင်ကယ်) အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment