၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှ မြို့နယ်၊ ရေနံမနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူနယ်မြေလှည့်ကင်း တာဝန်ဆောင်ရွက်စဉ် ကန်တုတ်-စစ္စနို့ ကားလမ်းမပေါ်တွင် ကန်တုတ်ဘက်မှ ရေနံမဘက်သို့ သရက် မြို့နယ် ၊ ပိတောက်ပင်ရွာနေ မောင်ဝင်း(၂၃)နှစ်မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ မစန်းခိုင် (၂၂)နှစ် ထိုင်စီးလိုက်ပါလာသော REEBO ၁၂၅ အနက်ရောက်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ မစန်းခိုင် လွယ်ထားသော အနက်ရောင်လွယ်အိတ်အတွင်းမှ အရိုးအသွား(၉.၉) လက်မ ခန့်ရှိ သစ်သား ရိုးတပ် ဓါးမြှောင်(၁)ချောင်းနှင့် အရိုးအသွား (၉.၇)လက်မခန့်ရှိ သတ္တုရိုးတပ်ဓါးမြှောင် (၁)ချောင်း တို့အား ရှာဖွေတွေ့ရှိပြီး အရိုးအသွား(၉.၇)လက်မခန့်ရှိ သတ္တုရိုးတပ်ဓါးမြှောင်မှာ မောင်ဝင်း၏ ဓါးမြှောင် ၊ ဖြစ်ကြောင်းနှင့် သစ်သားရိုးတပ်ဓါးမြှောင်မှာ မစန်းခိုင်၏ ဓါးမြှောင်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသည်။
ဓါးမြှောင်ကိုင်ဆောင်သွားလာသူ မောင်ဝင်းနှင့် မစန်းခိုင်တို့(၂)ဦးအား မင်းလှမြို့နယ်၊ ရေနံမနယ်မြေ ရဲစခန်း (ပ) ၇၂/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment