၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်၊ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေသတင်းစုံစမ်းနေစဉ် မကွေးမြို့၊ မြင်သာရပ်ကွက်၊ (၁၉)လမ်းနေ ဦးဇော်မင်းလွင်(၄၁)နှစ် ၏နေအိမ်တွင် ဖဲလောင်းကစားနေကြောင်း သတင်းအရ မကွေး မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၂၃/၂၀၁၄) ဖြင့် သက်သေများနှင့်အတူ ဦးဇော်မင်းလွင်၏နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။
မြင်သာရပ်ကွက်၊ (၁၉)လမ်းနေ ဦးဇော်မင်းလွင်(၄၁)နှစ်၏ နေအိမ်အောက်ထပ်ကုတင်ပေါ်တွင် နေအိမ်၌ ငှားရမ်းနေထိုင်သူ ထင်လင်းဟန် (၂၅) နှစ်၊ မြင်သာရပ်ကွက် (၁၉)လမ်းနေ ကျော်ပိုင်စိုး (၂၄)နှစ်၊ သိင်္ဂါရပ်ကွက်၊ စပါယ်လမ်းနေ မောင်မောင်သွင်(၄၀)နှစ်၊ စိုးကောမင်းရပ်နေ ပိုင်စိုးသိန်း (၂၃)နှစ် ၊ အောင်စေတနာရပ်ကွက်၊ ၅ လမ်းနေ နိုင်မင်းထွန်း(၂၃)နှစ်နှင့် ဈေးလယ်စိုးရပ်ကွက်၊ ပြည်တော်သာ လမ်းနေ သိုက်နိုင်ထွန်း(၃၅) နှစ်တို့ (၆)ဦးအား ဖဲလောင်းကစားရာတွင်အသုံးပြုသည့် သက်သေခံပစ္စည်း များနှင့်အတူ လောင်းကြေးငွေစက္ကူရောရာ ၁၆၉၅၅၀ိ/-တို့အား ဖမ်းဆီးရမိခဲ့ ကြောင်း သိရှိရသည်။

နေအိမ်အတွင်း ဖဲလောင်းကစားပြုလုပ်သူ ထင်လင်းဟန်ပါ(၆)ဦးအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၈၆/၂၀၁၄၊ လောင်းကစားပုဒ်မ ၁၃(က)/၁၄(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment