Sunday, November 30, 2014

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လည် (၁း ၂၀)အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ တောင်တွင်းကြီးမြို့နယ် ဗွီဒီယိုအခြေခံအဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့်အဖွဲ့သည် မြို့နယ်ဗွီဒီယိုစိစစ် ကြီးကြပ်မှုကော်မတီ မှ ထွေ/အုပ် ဒုဦးစီးမှူးအဖွဲ့နှင့်အတူ ညွှန်ကြားချက်အရ ရွှေကြာအင်း(၂) ရပ်ကွက်ရှိ စောထီးမိုး(၃၄)နှစ်၏ မျိုးမြင့်မြတ် VCD-DVD ခွေငှားရမ်းရေးဆိုင်အား ၀င်ရောက်ရှာဖွေ စစ်ဆေးရာ ဆင်ဆာမဲ့ DVD နိုင်ငံခြား ဇာတ်လမ်းစုံ(၃၁)ကား၊ မြန်မာဇာတ်လမ်း ဆင်ဆာမဲ့(၃၈၀၅) ချပ်၊ ညစ်ညမ်းဆင်ဆာမဲ့ခွေ (၃)ချပ်၊ ကွန်ပျူတာလက်တော့(၁)လုံး(သုံးမရ)တို့အား စစ်ဆေးတွေ့ရှိခဲ့ ကြောင်း သတင်းရရှိသည်။ 

ခွင့်ပြုချက်မရှိဘဲ ဆင်ဆာမဲ့ဗွီဒီယိုခွေများ ငှားရမ်းခြင်းပြုလုပ်သူ စောထီးမိုး (၃၄)နှစ်အား တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်း(ပ)၂၈၇/၂၀၁၄၊ ရုပ်သံနှင့်ဗွီဒီယိုအက်ဥပဒေပုဒ်မ ၃၃(ဂ) အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video