ဗီယက်နမ် မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈ နာရီက ငဖဲမြို့နယ်ဆင်ချည်တိုင်ကျေးရွာ ကွင်းအမှတ်(၁၁၀၃)ဦးပိုင်အမှတ်(၃၃)တောင်သူဦးချိတ်၏ မျိုးသန့်မျိုးပွား (GAP)စနစ်ဖြင့် ပျိုးထောင် စိုက်ပျိုးထားသော ဗီယက်နမ်မိုးစပါးစံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ညွန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဗိုလ်မင်း၊ မြို့နယ်မြေစာရင်းလ/ထဦးစီးမှူးဦးမြင့်ဝေ၊ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ကျေးရွာအုပ်စု စိုက်တိုးမြင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မြေစာရင်းကွင်းတာဝန်ခံဝန်ထမ်းများနှင့် ဒေသခံတောင်သူ(၇၃)ဦးတို့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
အဆိုပါ မျိုးသန့်မျိုးပွား(GAP)စနစ်ဖြင့် ပျိုးထောင်စိုက်ပျိုးထားသော ဗီယက်နမ်မိုးစပါး ခင်းအားစံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကစပါး (အစို) (၁၄၅.၂၁)တင်းထွက်ရှိပြီး (အခြောက်)(၁၃၅.၅)တင်း ထွက်ရှိခဲ့ ကြောင်း စိုက်ပျိုးရေးဌာနမှသိရသည်။ ဗီယက်နမ်မျိုးသန့်စပါးကို စိုက်ပျိုးခြင်းဖြင့် စပါးအထွက်နုန်းကောင်းမွန်ပြီး ဒေသနှင့်ကိုက်ညီမှုရှိခြင်း သက်လျင်စပါးမျိုးဖြစ်ခြင်း များကြောင့် ဒေသခံ တောင်သူအများစုက ပိုမိုနှစ်သက်ကြကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment