Monday, December 1, 2014

စေတုတ္တရာ နိုဝင်ဘာ ၃၀

မကွေးတိုင်ဒေသကြီး စေတုတ္တရာမြို့နယ် သက်လယ်ကျေးရွာ ကွင်းအမှတ်(၁၁၁) တောင်သူ ဦးခင်အောင်၊ဦးပိုင်အမှတ်(၂၅)(၁.၀၇)ဧကစိုက်ကွင်းတွင် မိုးစပါး ပုလဲသွယ် စပ်မျိုးစပါးကို နိုဝင်ဘာ ၂၉ ရက် နံနက်၈ နာရီကမြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့်ဝန်ထမ်းများက(၆x၆)ပေအရွယ်စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက(အခြောက်)(၁၅၆.၂၅)တင်းထွက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

စံကွက်ရိတ်သိမ်းပွဲအပြီးတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးလှထွေးအောင်က အနီးပတ်ဝန်းကျင် ကျေးရွာများမှ စံကွက်ရိတ်သိမ်းပွဲသို့ကြည့်ရျှုလေ့လာရန်လာရောက်ကြသည့် တောင်သူများအား သိပ္ပံနည်းကျစိုက် နည်းစနစ်အသုံးပြု စိုက်ပျိုးခဲ့၍ယခုရိတ်သိမ်းသည့် မိုးစပါးပုလဲသွယ်အထူးအထွက် တိုးရရှိပြီး ဒေသနှင့် ကိုက်ညီမှုရှိကြောင်း ဒေသခံတောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့် စပါးမျိုးများကိုပြောင်းလဲ စိုက် သွားကြရန်လိုအပ်ပါကြောင်း အရည်အသွေးကောင်းသည့် စပါးမျိုးများကို အပြည့်အ၀ စိုက်ပျိုး နိုင်ခြင်း ဖြင့် ဒေသတစ်ခုလုံး၏ ၀မ်းစာ ဖူလုံမှုအတွက် အထောက်အကူဖြစ်ပါကြောင်း သိပ္ပံနည်းကျ စိုက်နည်းစနစ်များကိုမိမိတို့ဌာနအနေဖြင့်ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ရှင်းလင်းပြော ကြားခဲ့ရာ စေတုတ္တရာမြို့နယ် သက်လယ်ကျေးရွာမှတောင်သူဦးမျိးတင့်မှ ခုလိုတောင်သူပညာပေး ရှင်းလင်းပြောကြားပေးခဲ့လို့အထူးပင်ဝမ်းမြောက်မိပါကြောင်း တောင်သူများအနေဖြင့်လဲ စိုက်ပျိုးရေး ဌာနနှင့်ဆွေနွေးတိုင်ပင်ပြီးဒေသဖူလုံရေးအတွက်မျိုးမှန်နည်းစနစ်မှန်များရယူကာတောင်သူများအနေဖြင့်
 ခေက်စနစ်နဲ့အညီ ပြောင်းလဲစိုက်ပျိုးသွားကြမှာဖြစ်ပါကြောင်းပြောကြားခဲ့သည်။

သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video