ဆိပ်ဖြူ နိုဝင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ နိုဝင်ဘာ၂၉ ရက်နေ့ ၊ နေ့လည်(၁၂)နာရီက နွားမေထုန်မဲ့သားစပ် ဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂၀၁၄)သင်တန်း ဆင်းပွဲ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊မြို့မိမြို့ဖများ အထောက် အကူပြုကော်မတီများ နှင့်မွေးမြူရေးဝါသနာရှင် သင်တန်းသား(၂၀)ဦးတို့တက်ရောက်ခဲ့ကြပြီး ဆိပ်ဖြူ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာဌေးအောင်(ဦးစီးအရာရှိ) ကသင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်နှင့် မွေးမြူရေးနှင့်ကုသရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို နိုဝင်ဘာ(၂၅)ရက်နေ့မှ(၂၉)ရက်နေ့အထိ (၅)ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး မွေးမြူရေး ၀ါသနာရှင် ဒေသခံသင်တန်းသား (၂၀) ဦးအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
Monday, December 1, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment