Monday, December 1, 2014

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စပ်စီကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးရွှေစက်မှ ပဒါန်းရဲကင်းစခန်းသို့ လာရောက်၍ စပ်စီကျေးရွာအနီး မင်းဘူး-အမ်းကားလမ်း နတ်ရေကန် တောင်ရှောင်ကွင်းလမ်း မိုင်တိုင် ၅/၆ နှင့် ၅/၇ အကြားတွင် ဂုတ်ကြီးရွာဘက်မှ ပဒါန်းကျေးရွာဘက်သို့ လူနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ် တစ်စီး ထိုးကျတိမ်းမှောက်နေကြောင်း သတင်းပို့သဖြင့် ပဒါန်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာခဲ့ကြောင်း သတင်းရရှိပါသည်။
ထိုသို့စစ်ဆေးခဲ့ရာ မင်းဘူးမြို့နယ်၊ ပန်းတောင်းကျေးရွာနေ ချစ်ကို(၂၆) နှစ် ရှေ့မှမောင်းနှင်ပြီး တစ်ရွာ တည်းနေ မြင့်ဌေး(၄၃)နှစ် နောက်မှစီးနင်းလိုက်ပါလာသော နံပါတ်မပါ ကင်ဘို-၁၂၅ အနက်ရောင် ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏၀ဲဘက်ရှိ ၁၅ ပေခန့်နက်သည့် ချောက်ထဲသို့ထိုးကျ တိမ်းမှောက်ပြီး နောက်မှလိုက်ပါသူ မြင့်ဌေးတွင် ၀ဲဘက်မျက်လုံးအတွင်းသို့ ချိုင့်ဝင်ဒဏ်ရာ ရရှိသေဆုံးနေ ပြီး ချစ်ကိုတွင် ဒဏ်ရာများရရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။ 
ဆိုင်ကယ်အား မဆင်မခြင် အရှိန်ပြင်းစွာ မောင်းနှင်စီးနင်းခဲ့သူ ချစ်ကိုအား ငဖဲမြို့နယ်၊ မြို့မရဲစခန်း ယာဉ် (ပ)၃၃/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄-က/၃၃၇ အရ အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video