၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်
(၀၀း ၃၀)အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ရေနံမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ငနောင်မုန်းရေနံမှော်၌ မီးလောင်မှု ဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ
သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။
ဖြစ်စဉ်မှာ ယာပိုင်ရှင် ဦးအောင်တင်၏
ယာကွက်အတွင်းရှိ ရေနံကျင်းပိုင်ရှင် ဦးအောင်စိုး၏ ရေနံကျင်းတွင် ဆီခတ်အလုပ်လုပ်သော
ကျုံပျော်မြို့နယ်၊ ပိုက်ထောင်ရွာနေ ဟိန်းစိုး(၂၀)နှစ်သည် ရေနံခပ်နေ စဉ် ဆေးလိပ်သောက်ရန် ဂတ်စ်မီးခြစ်ဖြင့်
မီးညှိရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ အနီးရှိ ပြည်သူ (၆)ဦးခန့်မှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့်
၀၀၄၀ အချိန် မီးငြိမ်းသွားခဲ့ကြောင်းသိရှိရသည်။
မီးလောင်မှုကြောင့် လူ/တိရိစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိဘဲ၊
မီးလောင်မှုကြောင့် အပြာရောင်မိုးကာစ အုပ် ထားသော တဲ(၁)လုံးနှင့် ဆီခတ်ကြိုး (၁၈၀)ပေ၊
စုစုပေါင်းတန်ဘိုး ၁၀၀၀၀ိ/-ခန့်ဆုံးရှုံး သွားခဲ့သဖြင့် မီးအားပေါ့ဆစွာအသုံးပြုသူ ဟိန်းစိုးအား
မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း (ပ)၇၃/၂၀၁၄၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်
အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment