Monday, December 1, 2014



၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ (၄း ၁၀)အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊  ပေါက်မြို့နယ်၊ ဖိုးဖြူလုံးကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော် (၅၇)နှစ်သည် နေအိမ်တွင်ရှိနေစဉ် နဂါးပွက်ကျေးရွာ၌ မီးလောင်ကြောင်း သိရှိရသဖြင့် ရဲစခန်းသို့အကြောင်းကြားပြီး သွားရောက် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ စစ်ဆေးခဲ့ရာ ပေါက်မြို့နယ်၊ နဂါးပွက်ကျေးရွာနေ လှဝင်းရွှေ(၄၅) နှစ်သည် အရက်သေစာ သောက်စားမူးယစ်ပြီး လင်မယားချင်းစကားများရန်ရာမှ နေအိမ်အနောက် မြောက်ဘက် ၁၀ ပေခန့် အကွာရှိ မြေစိုက်ထန်းလက်မိုး၊ ထန်းလက်ကာ၊ (၂)ပင်တွဲမီးဖိုတဲအား မီးရှို့ခဲ့ရာ ရွာသူ/သားများမှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ၁၆၁၅ အချိန် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် လူ/တိရိစ္ဆာန် ထိခိုက်မှု မရှိဘဲ ဆုံးရှုံးမှုတန်ဘိုးမှာ ၁၅၀၀ိ/-ခန့်ဖြစ်ကြောင်း သိရှိရသည်။
မီးဖိုတဲအား မီးရှို့သူ လှဝင်းရွှေအား အရေးယူပေးပါရန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မှ တရားလို ပြုလုပ် တိုင်တန်းသဖြင့် ပေါက်မြို့နယ်၊ ရေပြာနယ်မြေရဲစခန်း (ပ)၇၉/၂၀၁၄၊ ပြစ်မှုဆိုင်ရာပုဒ်မ ၄၃၆ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video