၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်
၉ နာရီအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့၊ မူခင်းနှိမ်နင်းရေး
ဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ ဗဟင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များ ပူးပေါင်းအဖွဲ့သည်
သက်သေများနှင့်အတူ ခရိုင်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် ၉/၂၀၁၄ ဖြင့် မြိုင်မြို့နယ်၊
ဆူးဝင်းကျေးရွာနေ မမာရင်(၄၀)နှစ်၏နေအိမ်တွင် ချဲထီ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ၀င်ရောက်ရှာဖွေခဲ့ရာ
နေအိမ်တွင် မမာရင်နှင့်အတူ နေအိမ်အတွင်းရှိ စားပွဲ၊ နေအိမ်နောက်ဖေးတို့မှ ချဲထီလောင်းကစားရာတွင်
အသုံးပြုသော Cash Memo စာတမ်းပါ ပန်းရောင် ငွေလက်ငင်းဖြတ်ပိုင်း စာအုပ်တစ်အုပ်၊
ဆက်စပ်ကိရိယာ စာရွက်စာတမ်း များနှင့် လောင်းကြေးငွေ ၇၀၀၀၀၀ိ/-တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့်
ချဲထီလောင်းကစားပြုလုပ်သူ မမာရင်အား မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်း၊ (ပ)၅၄/၂၀၁၄၊
လောင်းကစားပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
အလားတူ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ နေ့လည် ၁၂
နာရီခွဲအချိန်ခန့် မကွေးတိုင်း ဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့် အတူ ရေနံချောင်းမြို့၊ မြို့မမြောက်ရပ်ကွက်၊
ရတနာမဉ္ဇူဈေးလမ်းကြား ရှိ ဒေါ်ခင်စိန်၏ ရွှေပန်းတိမ် ဆိုင်ရှေ့တွင် သစ်သီးမျိုးစုံရောင်းချနေသူ
အောင်ဆန်း အနောက်ရပ်နေ ဒေါ်ခင်အုန်းမြင့် (၄၄)နှစ် နှင့် ရွှေကြာငုံရပ်နေ ဒေါ်ဌေးဌေး(၅၀)
နှစ် တို့ ၂ ဦးအားရှာဖွေခဲ့ရာ ချဲထီ လောင်းကစားရာတွင် အသုံးပြုသော Aladdin စာတမ်းပါ ချဲထီ ငွေလက်ငင်းဖြတ်ပိုင်း စာအုပ် တစ်အုပ်၊ အညိုရောင်မှတ်စုစာအုပ်
အသေးတစ်အုပ်၊ ဆက်စပ်ကိရိယာ စာရွက်စာတမ်းများ၊ လောင်းကြေးငွေ ၃၄၀၀၀ိ/- တို့နှင့် အတူ
တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် ချဲထီလောင်းကစားပြုလုပ်သူ ဒေါ်ခင်အုန်းမြင့်နှင့် ဒေါ်ဌေးဌေး
တို့ ၂ ဦးအား ရေနံချောင်း မြို့နယ်၊ မြို့မရဲစခန်း(ပ)၁၃၀/၂၀၁၄၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က)
အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်း ရရှိပါသည်။Monday, December 1, 2014
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment