၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ နေ့လည်
၁၁ နာရီခွဲအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မြို့မရဲစခန်းမှ
ဒုရဲအုပ် ဇော်ကြီးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ မင်းဘူးမြို့ စည်ပင်သာယာဈေး တောင်ဘက်ခြမ်း
ပျံကျဈေးအတွင်းရှိ အမှတ် (၃) ရပ်ကွက်၊ ရွှေမင်္ဂလာရပ်နေ မနီနီအောင်(၃၄)နှစ်ဆိုင်ခန်းအတွင်း
ဝင်ရောက်ရှာဖွေရာ ဆင်ဆာမဲ့နိုင်ငံခြား ဇာတ်လမ်းဗွီစီဒီခွေ ၇၅ ခွေ၊ ဆင်ဆာမဲ့ဗွီစီဒီ
တရားခွေ(၅၀)ခွေ၊ ဆင်ဆာမဲ့ဗွီစီဒီ နိုင်ငံခြားကာတွန်းခွေ ၁၃ ခွေ၊ ဆင်ဆာမဲ့ ဗွီစီဒီ မြန်မာသီချင်းခွေ
၃၂၀ ခွေ၊ စုစုပေါင်း ၄၅၈ ခွေ၊ တစ်ခွေ၂၅၀ိ/-နှုန်းဖြင့် စုစုပေါင်းတန်ဘိုး ၁၁၄၅၀၀ိ/-တို့အား
သိမ်းဆည်းရမိသဖြင့် မနီနီအောင်အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၄၈/၂၀၁၄၊ ဗွီဒီယိုဥပဒေ
ပုဒ်မ ၃၂(ခ)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။
အလားတူ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့
နေ့လည် ၁၁ နာရီအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မြိုင်မြို့၊
အမှတ် (၁) ရပ်ကွက်နေသူ သန်းဝင်းထိုက်(၃၆)နှစ်၏နေအိမ်တွင် ဆင်ဆာမဲ့ဗွီစီဒီခွေများ ရောင်းချနေ
ကြောင်း သတင်းအရ ၀င်ရောက်ရှာဖွေရာ သန်းဝင်းထိုက်၏ နေအိမ်ဝန်းအတွင်း နေအိမ်ရှေ့ရှိ စားပွဲပေါ်တွင်
ရောင်းချရန် ခင်းကျင်းပြသထားသော ဆင်ဆာမဲ့ မြန်မာဗွီစီဒီခွေ ၆၀ ခွေ၊ နိုင်ငံခြား ဗွီစီဒီခွေ
၅၅ ခွေ၊ စုစုပေါင်း ၁၁၅ ခွေ၊ တစ်ခွေ ၁၆၀ိ/- နှုန်းဖြင့် စုစုပေါင်းတန်ဘိုး ၁၈၀၀၀ိ/-တို့အား
သိမ်းဆည်းရရှိသဖြင့် သန်းဝင်းထိုက်အား မြိုင်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၀၁/၂၀၁၄၊
ဗွီဒီယိုဥပဒေ ပုဒ်မ ၃၂(ခ)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။
အလားတူ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ နေ့လည်(၃
း ၄၅)အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ ပြည်တော် အေးရပ် ကွက်၊ မင်းကုန်းလမ်းရှိ ဦးသန်းငွေ(၄၇) နှစ်၏ ယုဇနဗွီဒီယိုခွေအငှားဆိုင်သို့
ဝင်ရောက် ရှာဖွေခဲ့ရာ ဆင်ဆာမဲ့နိုင်ငံခြားဇာတ်ကားခွေမျိုးစုံ (၁၂၅)ခွေ တစ်ခွေ(၃၀၀ိ/-)
စုစုပေါင်းတန်ဘိုး (၃၇၅၀၀ိ/-) အား တွေ့ရှိရသဖြင့် ဦးသန်းငွေအား သရက်မြို့နယ်၊ မြို့မရဲစခန်း(ပ)
၁၃၇/၂၀၁၄၊ ဗွီဒီယိုဥပဒေပုဒ်မ ၃၂(ခ) အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment