Monday, December 1, 2014

ရေနံချောင်း      နိုဝင်ဘာ        ၃၀
    ရေနံချောင်းမြို့နယ် ဖိုးကိုးကျေးရွာအုပ်စု၊နှောကန်ရွာတွင် နိုဝင်ဘာလ ၂၈ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့်  မီးဘေးသင့်သောပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို နိုဝင်ဘာလ ၃၀ရက်နေ့က  နှောကန်ရွာ ဘုန်းတော်ကြီးကျောင်းတွင်ကျင်းပကြောင်းသိရသည်။
    အဆိုပါထောက်ပံ့ပစ္စည်းပေးအပ်ပွဲတွင် မီးဘေးသင့်ပြည်သူ(၁၂)ဦးအတွက် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းက ဆန်အိတ်( ၁၂)လုံး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သော ပစ္စည်း(၁၃)မျိုးပါ Kit ပုံးများနှင့် အိမ်ဆောက်ပစ္စည်းများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှ ထောက်ပံ့သော ခြင်ထောင်၊အ၀တ်အစား၊အကျီင်္များ၊ဒန်အိုးနှင့် ဇလုံများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာထောက်ပံ့သော ဆန်နှင့် အ၀တ်အထည်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ထောက်ပံ့သော မုန့်ခြောက်နှင့် စားသောက်ဖွယ်ရာများ၊ ရေနံချောင်းမြို့နယ်ရှိ ပြည်သူအများမှ လှူဒါန်းသော စားသောက်ဖွယ်ရာများနှင့် အ၀တ်အထည်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။
    အဆိုပါပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် အလှူရှင်များတက်ရောက်ခဲ့ကြပါကြောင်းနှင့် " မီးလောင်လို့ဘာပစ္စည်းမှ မရလိုက်ပါဘူး အဒီအချိန်တုန်းကတော့ ငိုချင်တာပဲသိတယ် ၀မ်းလည်းနည်းတယ် အခုလို လာပီးကူညီပေးတာတွေ ထောက်ပံ့တာတွေလုပ်ပေးနေတော့ အားပြန်ရှိလာသလိုပဲ ခံစားရပါတယ် လာပီးကူညီပေးကြတဲ့လူကြီးတွေ ထောက်ပံ့ပစ္စည်းလာရောက်ပေးသူတွေအားလုံးကိုကျေးဇူးတင်ပါတယ် ဟု မီးဘေးသင့်ပြည်သူ မဥမ္မာခင်က ပြောကြားခဲ့သည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video