ရေနံချောင်း နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီ၊ရေနံချောင်းမြို့နယ်မကျီးကန်အုပ်စု၊လွန်ပင်ရှိုကျေးရွာတွင် ပညာပျိုးခင်း စာကြည့်တိုက်နှင့် အခြေခံပညာအထက်ကျောင်း(ခွဲ) ဖွင့်ပွဲကို နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၉နာရီအချိန်က လွန်ပင်ရှိုကျေးရွာတွင်ကျင်းပသည်။
ပထမဦးစွာ အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းတင်၊ဆရာတော်ဦးကောဝိဒ တို့က ရွှေရှိုအလင်းပညာပျိုးခင်း စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ပြီးပြည်ထောင်စုဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းနှင့် အဖွဲ့သည် လွန်ပင်ရှိုရွာ အထက်တန်းကျောင်းခွဲသို့ရောက်ရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင် လက်ထောက် မြို့နယ်ပညာရေးမှူး ဦးမောင်မောင်ဦးတို့နှင့်အတူ အထက်တန်းကျောင်းခွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အခမ်းအနားအောင်ပွဲသို့တက်ရောက်သည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းတင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်ပြီး ကျောင်းအကျိုးတော်ဆောင် ဦးသန်းဦးမောင်က စာကြည့်တိုက်နှင့် လွန်ပင်ရှို အထက(ခွဲ)ဖြစ်ပေါ်လာပုံ တို့ကိုရှင်းလင်းတင်ပြကာ အောင်ပွဲအထိမ်းအမှတ်အလံများပေးအပ်ခဲ့ကြပြီး ရပ်မိရပ်ဖဦးသန်းမိုးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment