သရက် ဒီဇင်ဘာ ၁
၁။ မကွေးတိုင်းဒေသကြီး
သရက်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဆင်းပွဲ အခမ်းအနားကို
ယနေ့ နံနက်(၀၈း၀၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌
ကျင်းပ ရာ ခရိုင်အုပ်ချုပ်ရေးမျူးနင့် ခရိုင်အဆင့်ဖိတ်ကြားထားသည့်
ဌာနဆိုင်အကြိးအကဲများ၊မြို့နယ် အုပ်ချုပ်ရေးမှူး
နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြိးအကဲများ ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်တန်းသားများ
တက်ရောက်ကြ သည်။
၂။ အဆိုပါ သင်တန်းဆင်းပွဲတွင် သရက်ခရိုင် အုပ်ချုပ်ရေးမှူး
ဦးတေဇာအောင် တက်ရောက်၍ အဖွင့်အမှာ စ ကားပြောကြားပြီး သင်တန်းတွင် ပထမ၊ဒုတိယ၊တတိယ ဆုရရှိသူများအား
ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့သည်(ပုံ)
ထို့နောက် ဒုရဲမှူးကြီး ထွန်းရွှေက သင်တန်းဆင်းလက်မျတ်များ ပေးအပ်ရာ သင်တန်းသားများ
ကိုယ်စား သင်တန်းသား တစ်ဥိးက လက်ခံရယူခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်က
အရန် မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများ ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဥိးက
လက်ခံ ရယူခဲ့သည်။
၃။ ယင်းနောက်ခရိုင် မီးသတ်ဦးစိးမှူး ဦးမြင့်နိုင်ထွန်းမှ
သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ရာ သင်တန်းနည်းပြ တစ်ဦးက ဂုဏ်ပြုလက်ဆောင်များ
လက်ခံရယူခဲ့ကြောင်း သိရသည်။

0 comments:
Post a Comment