၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လည် (၂း ၁၀) အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင် ၊ ဆောမြို့နယ်၊ တောင်တက်ကျေးရွာ အနောက်ဖျား ဒေါ်အွမ်းမြူးလှီး၏နေအိမ်သို့ အလည်လာကြသော မင်းတပ်မြို့နယ်နေ ဦးဟုန်းဟွား (၇၃) နှစ် နှင့် မင်းတပ်မြို့နယ်၊ လီရောရွာနေ ဦးလိန်းငိုင်း (၅၀) နှစ်တို့ (၂) ဦးသည် နေအိမ်အောက်ထပ်၌ စကားနိုင်လုရာမှ စကားများရန်ဖြစ်ကာ လုံးထွေးသတ်ပုတ်ကြရာမှ ဦးဟုန်းဟွားသည် အသင့်ပါလာသော အရိုးအသွား (၁၄)လက်မ၊ ဗျက် (၁) လက်မခန့်ရှိ ဓါးဦးချွန်ဖြင့် ထိုးသဖြင့် ဦးလိန်းငိုင်း၏ နောက်ကျော ဘယ်ဘက်လက်ပြင်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဘယ်ဘက် နံရိုးအောက်နားတွင် (၂)လက်မ ခန့်ထိုးသွင်းဒဏ်ရာ (၂)ချက် ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံး သွားကြောင်း သိရှိရသည်။
ဓါးဖြင့်ထိုးသူ ဦးဟုန်းဟွား (၇၃) နှစ်အား အရေးယူပေးပါရန် ဆောမြို့နယ်၊ ကျောက်ထုနယ်မြေ ရဲစခန်း (ပ) ၃၆/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment