ဂန့်ဂေါ နိုဝင်ဘာ ၂၇
၂၀၁၃ ခုနှစ်က ဂန့်ဂေါမြို့နယ် သစ်တောဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းနှင့် ပတ်ဝန်းကျင်နေရာများ စိမ်းလန်းစိုပြည်ရေးအစီအစဉ်ဖြင့် ရှုံးရှီအထက ပတ်ဝန်းကျင်နေရာ၌ ရတနာတန်းဝင် ကျွန်းပင် ၇၂ ပင်ကို စိုက်ပျိုးခဲ့ရာ ရှင်သန်ဖြစ်ထွန်းလျှက်ရှိသည်ကို တွေ့ရသည်။
ထိုသို့စိုက်ပျိုးခြင်းမှာ အရိပ်ရစေရန်၊ စိမ်းလန်းစိုပြည်ရန်၊ သီးပင်စားပင်များရရှိရန်၊ ကျောင်းသား၊ ကျောင်းသူများ သစ်တော၊သစ်ပင်များနှင့် ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်စေရန်စသည့် ရည်ရွယ်ချက်များ ဖြင့် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ထို့ပြင်၂၀၁၄ ခုနှစ်တွင် ဂန့်ဂေါမြို့နယ်အနေဖြင့် စိုင်ဒူးရွာ မူလတန်း(လွန်)ကျောင်း ပတ်ဝန်းကျင် နေရာများ၌ ရတနာတန်းဝင် ကျွန်းပင်များအပါအဝင် ယူကလစ်၊ ကုက္ကို နှင့် သီးပင်စားပင်များစသည့်သစ်ပင် ၂၅၀ ကို စိုက်ပျိုးထားကြောင်းနှင့် စက်မှုလယ်ယာဦးစီးဌာနဝန်းကျင်နယ်မြေတွင် သစ်ပင် ၁၂၀၀ ကိုလည်း ကောင်း၊ သာသနာရေးဦးစီးဌာန ဝန်းကျင်နေရာတွင် သစ်ပင် ၁၄၀၀ ကျော်ကိုလည်းကောင်း သစ်တောဦးစီး ဌာန၏ အစီအစဉ်ဖြင့် စိုက်ပျိုးထားကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment