Friday, November 28, 2014

နတ်မောက်             နိုဝင်ဘာ       ၂၇
    နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာတွင် သီရိမင်္ဂလာဆည်ငယ်ကန်ငယ်အား ၂၀၀၉ ခုနှစ်က စတင်ရေအသုံးပြု နိုင်ခဲ့ပြီး စိုက်ပျိုးေ၇းလုပ်ငန်းများ ပိုမိုဖြစ်ထွန်းလျှက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာပေးမှုဖြင့် ၂၀၁၄ ခုနှစ်တွင် နွေစပါး စတင်စိုက်ပျိုး၍ အောင်မြင်ခဲ့သည်။ အဆိုပါဒေသတွင် ယခင်နှစ်များက ပဲစင်းငုံကဲ့သို့သော မိုးကောင်းသောက် သီးနှံများကိုသာ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုဆည်ငယ်ကန်ငယ်မှ စပါးစိုက်ဧရိယာ ၅၀ ဧက ကျော်ကို စိုက်ပျိုးဖြစ်ထွန်း၍ စိုက်ပျိုးရေး ဦးစီးဌာနနှင့် ကုလားရှင်ကျေးရွာ စပါးစိုက်တောင်သူများပူးပေါင်းစိုက်ပျိုးသည့် စပါး စံကွက်ရိတ်သိမ်းထွက်ရှိမှုအရ မိုးစပါး တစ်ဧက တင်း(၁၀၀)ကျော် ပန်းတိုင်အထွက်နှုန်းမြင့်တက်ခဲ့သည်။ ယခုနှစ်တွင် မိုးနည်းရေနည်းကာလဖြစ်သဖြင့် နွေစပါး အစား နွေနှမ်းနှင့်ပဲတီစိမ်းသီးနှံများကိုသာ အစားထိုးစိုက်ပျိုးရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနက ပညာပေးဆွေးနွေးခဲ့ကြောင်း ကို ကုလားရှင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဥာဏ်လှ ထံမှသိရသည်။
လှဝင်း

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video