Sunday, May 31, 2015


အောင်လံ မေ ၃၀
          အောင်လံမြို့နယ် အင်းကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်၇၆ (ခ)၊ ဦးပိုင်အမှတ်(၁၆၁) တောင်သူ ဦးမြင့်ကြိုင်၏(၂၀၁၄-၂၀၁၅)နွေစပါးကွင်းတွင် မေလ(၃၀)ရက်နေ့ နံနက် (၈း၀၀)နာရီအချိန်က စက်မှုလယ်ယာဦးစီးဌာနမှ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စံကွက်သရုပ်ပြ ရိတ်သိမ်းခဲ့သည်။
          ယင်းစံကွက်ရိပ်သိမ်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်   မြို့နယ်အထောက်အကူပြုအဖွဲ့ဥက္ကဌ ဦးကံထွန်းနှင့် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများစက်မှုလယ်ယာ ဦးစီးဌာနမှဝန်ထမ်းများ ပတ်ဝန်းကျင် ကျေးရွာအုပ်စု(၅)အုပ်စုမှတောင်သူများ တက်ရောက်ခဲ့ကြပြီး   စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဖေ (ပုံ) မှ စံကွက်ရိတ်သိမ်းရခြင်း၏ရည်ရွယ်ချက်  အထွက်နှုန်းမိတ်ဖက်များ၏  အားသာချက်/အားနည်းချက်  နှင့် စက်ဖြင့်ရိတ်
သိမ်းခြွေလှေ့ရခြင်း၏ အကျိုးကျေးဇူးများကို  ရှင်းလင်းဆွေးနွေးခဲ့ပြီး     အဆိုပါစံကွက်အား   စက်ဖြင့်ရိတ်သိမ်းရာတွင်(၂၁၇.၁၉)တင်း ထွက်ရှိခဲ့ကြောင်း သတင်းရရှိသည်
အောင်လံ မေ ၃၀
         
          အောင်လံမြို့နယ် ဒါးစမ်းကျေးရွာတွင် ယမန်နေ့ ည(၇း၀၀)နာရီ  အချိန်က လမ်းပိတ်ထားခြင်းကို  ဖယ်ခိုင်းရာမှအချင်းများပြီး ဒါးဖြင့်ခုတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
          အမှုဖြစ်စဉ်မှာ တရားလို မမယ်နီ(ခ)မအေးအေးနွယ်(၃၃)နှစ်(ဘ) ဦးစံမြိုင်ဒါးစမ်းကျေးရွာနေသူ သည်  ၎င်း၏ခင်ပွန်ုးဖြစ်သူ ကိုသိန်းဇော်(၃၈)နှစ် (ဘ)ဦးမြ၀င်း ဒါးစမ်းကျေးရွာနေသူနှင့် အတူ ရွာလယ်ရေတွင်းတွင်  ရေချိုးရန် ထွက်လာခဲ့ရာ နေအိမ်ခြေရင်းဘက် လမ်းပေါ်အရောက်   သွားနေကြလမ်းအား   ပိတ်ထားသည်ကိုတွေ့ရ၍    ကိုသိန်းဇော်မှ‘’ဘယ်သူပိတ်ထားတာလဲ’’ ဟု မေးမြန်းသောအခါ ထွန်းလင်း(ခ)ဇော်ထက် (၃၆)နှစ် (ဘ) ဦးဇော်ဝင်း ဒါးစမ်းကျေးရွာနေ
သူနှင့် ၎င်း၏ဇနီးဖြစ်သူ မခင်စန်းဌေး (၃၂)နှစ် (ဘ)ဦးစိန်ကျော် ဒါးစမ်းကျေးရွာနေသူတို့ရောက်လာပြီး ကိုသိန်းဇော်နှင့်အပြန်အလှန်စကားများနေသောကြောင့် မမယ်နီမှ ခင်ပွန်းဖြစ်သူ ကိုသိန်းဇော်အား ပြန်ခေါ်နေစဉ် ဇော်ထက်မှ အသင့်ပါလာသော အရိုးအသွား နှစ်တောင်ခန့်ရှိ  ဒါးဦးပြတ်နှင့် ခုတ်သဖြင့် ကိုသိန်းဇော်၏  ယာဘက်ဒူးခေါင်း ပြတ်ရှဒဏ်ရာတစ်
ချက်ရရှိခဲ့ပြီး ကိုသိန်းဇော်နှင့် ဇော်ထက်တို့ လုံးထွေးသတ်ပုတ်နေစဉ် ဇော်ထက်လက်ထဲမှ ဒါးလွတ်ကျရာ မခင်စန်းဌေးမှဒါးကိုကောက်ယူပြီးခုတ်သောကြောင့်ကိုသိန်းဇော်၏၀ဲဘက်တံတောင် ပြတ်ရှဒဏ်ရာ
တစ်ချက်ဝဲလက်ပြင် ပြတ်ရှဒဏ်ရာတစ်ချက်ရရှိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ ဇော်ထက်နှင့် မခင်စန်းဌေး တို့အား အရေးယူပေးပါရန်တိုင်ကြားသဖြင့်   ၎င်းတို့ နှစ်ဦးအား ဒုရင်္ဂဗိုလ်ရဲစခန်းမှ အမှုအမှတ်(ပ)
၁၉ / ၂၀၁၅  ပြစ်မှုပုဒ်မ ၃၂၄ အရ အမှုဖွင့်အရေးယူထားကြောင်းသိရသည် ။
ထီးလင်း မေ ၃၀
    ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျားခဲကျေးရွာနှင့် အကြည်ဘန်းကျေးရွာတို့တွင် မေ ၃၀ ရက်ညနေက လေပြင်းတိုက်ခတ်မှုဖြစ်ပွါးရာ ကျားခဲကျေးရွာတွင် သွတ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ် ၁၀ လုံး၊ ကျေးးရွာအုပ် ချုပ်ရေးမှူးရုံး အပါအဝင် သက်ကယ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ် ၃ လုံးတို့ အမိုးလန်ပျက်စီးသွားကြောင်းနှင့် အကြည်ဘန်းကျေးရွာတွင် လောကမာရဇိန်စေတီတော် ထီးတော်မြေခသွားကာ ဘုရားအာရုံခံသွတ်မိုးဆောင် ၁ ဆောင်၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းဆွမ်းစားဆောင် ၁ ဆောင်၊ သွပ်မိုး၊ အုတ်ညှပ် အထက(ခွဲ) နှစ်ထပ်ကျောင်း ဆောင် ၁ ဆောင် ၊ ပျဉ်ကာ၊ပျဉ်ခင်း သက်ကယ်မိုးဆောင် ၁ ဆောင်တို့နှင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း လူနေအိမ် ၄ လုံး၊ သက်ကယ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၄၄ လုံး၊ သုဿန်ဇရပ်သွပ်မိုးတို့ အမိုးလန်ပျက်စီးသွားကြောင်း သိရသည်။
    ထိုသို့လေပြင်းတိုက်ခတ်သဖြင့် ကျားခဲရွာတွင် ၃၃၉၃၇၀ ကျပ်ခန့် နှင့် အကြည်ဘန်းရွာတွင် ၂၀၆၁၈၀၀ ကျပ်ခန့် ဆုံးရှုံးမှုရှိကြောင်း သိရသည်။
အောင်လံ မေ ၃၀
         
          မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၊  မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်အတွင်းရှိ ရုံး    ၊ ရဲစခန်းများမှတပ်ဖွဲ့ဝင်တို့၏ သား/သမီး ၊  တက္ကသိုလ် ၊ အထက်တန်း ၊ အလယ်တန်း၊မူလတန်း 
 ကျောင်းသား/ကျောင်းသူများအား၂၀၁၅/၂၀၁၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် စာရေးကရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်
နေ့ နံနက် (၁၀း၀၀)နာရီအချိန်က အောင်လံမြို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
          အခမ်းအနားတွင်  မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးတင်ကိုကိုမှ  တက္ကသိုလ်ကျောင်းသား/ကျောင်းသူ
တစ်ဦးလျှင် ငွေ(၃၀၀၀)ကျပ် ဗလာစာအုပ် (၁)ဒါဇင် ဖြင့် (၁၄)ဦး (၄၂၀၀၀)ကျပ်နှင့် ဗလာစာအုပ် (၁၄)ဒါဇင် ၊ အထက်တန်း  ကျောင်းသား/ကျောင်းသူတစ်ဦးလျှင် ငွေ(၂၀၀၀)ကျပ်   ဗလာစာအုပ် (၁)ဒါဇင် ဖြင့် (၁၂)ဦး (၂၄၀၀၀) ကျပ်နှင့်    ဗလာစာအုပ် (၁၂)ဒါဇင် ၊ အလယ်တန်းကျောင်းသား /ကျောင်းသူတစ်ဦးလျှင် ငွေ(၁၅၀၀)ကျပ် ဗလာစာအုပ် (၁)ဒါဇင် ဖြင့်    (၂၀)ဦး
(၃၀၀၀၀)ကျပ်နှင့် ဗလာစာအုပ် (၂၀)ဒါဇင် ၊ မူလတန်းကျောင်းသား/ကျောင်းသူတစ်ဦးလျှင် ငွေ(၁၀၀၀)ကျပ် ဗလာစာအုပ် (၁)ဒါဇင် ဖြင့် (၂၇)ဦး (၂၇၀၀၀)ကျပ်နှင့် ဗလာစာအုပ် (၂၇)ဒါဇင် စုစုပေါင်း ငွေ (၁၂၃၀၀၀)ကျပ်နှင့်ဗလာစာအုပ်(၇၃) ဒါဇင်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 
ဆင်ပေါင်ဝဲ မေ ၃၁
             ဆင်ပေါင်ဝဲမြို့၌ (၂/၂၀၁၅) မြို့နယ် အခြေပြု မူလတန်း ဆရာအတတ်ပညာ သင် တန်း ဆင်းပွဲ ကို ယနေ့နံနက် ၉နာရီက မြို့ နယ် အခြေခံပညာ အထက်တန်းကျောင်း ရန်အောင်မြေခန်းမ ၌ကျင်းပသည်။
              အခမ်းအနားတွင် သင်တန်းသား/သူများက မြန်မာ ကျောင်း သီချင်း ဖြင့် အခမ်းအနားအား သီဆိုဖွင့် လှစ်ပေး ပြီး နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားသည်။
                  ဆက်လက်၍ မြို့နယ်ပညာ ရေး မှူး ဦးကျော်ငွေက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေး မှူး က ဆုရရှိသော သင်တန်းသား/ သူများ အား ဆုချီးမြှင့်ပေးသည်။
                   အဆိုပါ အခမ်းအနားသို့ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ် ဖွံဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ ကျောင်းဆရာ၊ဆရာမများ၊ သင်တန်းသူ/သားများ တက်ရောက် ကြသည်။
                     အဆိုပါ သင်တန်းအား (၄ -၅- ၂၀၁၅) ရက်နေ့ က စတင် ၍ သင်တန်းသား/သူ(၁၇၄)ဦး တို့အား ဆရာအတတ် ပညာ သင်တန်းမဲ့ နေ့စားလပေး ဆရာဆရာမတို့ ဆရာအတတ်ပညာ ပြည့်ဝ၍ သင်ကြားရေး စွမ်းရည် မြင့်မားလာစေရန် ရည်ရွယ် ဖွင့်လှစ်ခဲ့ကြောင်း  သတင်းရရှိပါသည်။


  
နတ်မောက်           မေ၃၀
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်၂၀၁၅၂၀၁၆ခုနှစ်ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့အခမ်းအနား
ကိုမေ၃၀ရက်နံနက်၉နာရီကနတ်မောက်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင်ကျင်းပ
သည်။အဆိုပါအခမ်းအနားတွင်ကျောင်းဆရာ၊ဆရာမများကမြန်မာ့ကျောင်းသီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီးမြို့နယ်
အုပ်ချုပ်ရေးမှူးဦးဌေးအောင်နှင့်မြို့နယ်ပညာရေးမှူးဦးခင်မောင်ကျော်တို့မှကျောင်းအပ်နှံရေးနှင့်ပတ်သက်သည့်
လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ဒု-မြို့နယ်ဦးစီးမှူးဒေါ်ခင်စံပယ်မှမူလတန်းအဆင့်
ကျောင်းသားကျောင်းသူများကိုကျောင်းဝတ်စုံများအားလည်းကောင်း၊မြို့နယ်အထောက်အကူပြုကော်မတီဝင်
ဦးပြေသိန်းမှအလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများကိုပုံနှိပ်စာအုပ်များအားလည်းကောင်း၊မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့မြို့နယ်ရဲအုပ်စိုးသန်းမှမူလတန်းအဆင့်ကျောင်းသားကျောင်းသူများကိုဗလာစာအုပ်များအား
လည်းကောင်းကျောင်းသားကျောင်းသူများအတွက်အခမဲ့ပေးအပ်ခဲ့ကြောင်းသိရသည်။နတ်မောက်မြို့နယ်ရှိ
အခြေခံပညာကျောင်း(၂၀၅)ကျေင်းအတွက်အခမဲ့မူလတန်းပုံနှိပ်စာအုပ်အစုံ(၅၅၄၆၆)အုပ်၊အလယ်တန်းပုံနှိပ်
စာအုပ်အစုံ(၅၉၃၃၅)အုပ်၊အထက်တန်းပုံနှိပ်စာအုပ်(၄၅၁၄)အုပ်နှင့်မူလတန်းအဆင့်ကျောင်းဝတ်စုံ(၂၂၂၇၀)တို့
ကိုမြို့နယ်ရှိကျောင်းများအားအုပ်စုလိုက်အသီးသီးခွဲဝေပေးခဲ့ကြောင်းသိရသည်။
      ဆင်ပေါင်ဝဲ မေ ၃၁
                ဆင်ပေါင်ဝဲမြို့နယ် ကုန်းဘိုကျေး ရွာ အုပ်စု၊ ကုန်းသာ ကျေးရွာ တွင် မေ လ (၃၀)ရက် နေ့ နေ့ လည် ၂နာရီ ၄၅မီးနစ် အချိန်က မိုးရွာသွန်းပြီး လေတိုက်ခဲ့ရာ အိမ်ရှင်
 ဒေါ်အုန်းရှင်၏  နေအိမ် မိုးကြိုး ပစ်ခြင်း ခံခဲ့ရပြီး နေအိမ်၏ တိုင်တစ်လုံးနှင့် ရေဒီယို တစ်လုံး
ကွဲအက်ကာ၊ ဦးမြင့်ဌေး အောင်၏  နေအိမ် ပျဉ်ထောင်၊ပျဉ်ခင်း ၊သွပ်မိုး ၊( ၄)ပင် အိမ်သည်လည်း (၁၃)ပေသွပ်၊ (၁၈)ချပ၊်ဒိုင်း(၈) ချောင်း၊ မျှား(၄)ချောင်းနှင့် အမိုးတစ်ခြမ်း လေလံပျက်စီး ဆုံးရှုံးမူ ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမူ တန်ဖိုး (၁၇၀၀၀၀)ကျပ် နှင့်   လူ၊တိ ရိစ္ဆာန်  ပျက်ပြီး ဆုံးရှုံးမူ မရှိပါကြောင်း သတင်း ရရှိပါသည်။
                                  မျိုးမျိုး(ဆင်ပေါင်ဝဲ)်
တောင်တွင်းကြီး       မေ    ၃၀
၂၀၁၅-၂၀၁၆ပညာသင်နှစ်မြို့နယ်ကျောင်းအပိနှံရေးနေ့အခမ်းအနားကို
တောင်တွင်းကြီး (အထက-၁)ပေလေးပင်ခမ်းမတွင်မေလ ၃၀ ရက်နံနက်
၉ နာရီကကျင်းပရာတိုင်းဒေသကြီးလွတ်တော်ဒုတိယဥက္ကဌဦးစောဝင်းမောင်
မြို့နယ်အုပ်ချူ ပ်ရေးမှူးဦးသိန်းဇော်တိုကအမှာစကားပြောကြားခဲ့ပြီးဒုတိယ
မြို့နယ်ပညာရေးမှူးဦးဇော်ဝင်းကယခုနှစ်တွင်မူလတန်းကျောင်းသားကျောင်း
သူများအားကျောင်းသုံးဗလာစာအုပ်များအပြင်ကျောင်းဝတ်စုံများကိုလည်း
ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းမူလတန်းနှင့်အလယ်တန်းအဆင့်
တိုကိုအခမဲ့ပညာရေးစနစ်အဖြစ်နိုင်ငံတော်ကစတင်အကောင်အထည်ဖော်
ဆောင်ရွက်နေပြီးအထကတန်းအဆင့်ကိုလည်းအခမဲ့ပညာရေးဖြစ်အောင်စီစဉ်
ဆောင်ရွက်နေကြောင်းကျောင်းနေအရွယ်ကလေးတိုင်းကျောင်းအပ်နံရေး
အတွက်အားလုံးဝိုင်ဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်းရှင်းလင်း
ပြောကြားသည်။
          ထိုနောက်ကျောင်းသားကျောင်းသူများအားကျောင်းသုံးပုံနှိပ်စာအုပ်
တိုင်းဒေသကြီးလွတ်တော်ကိုစားလှယ်ဦးကြည်သိန်းနှင့်တာဝန်ရှိသူများက
ပေးအပ်ခဲ့ကြောင်းသိရသည်။

၂၀၁၅ ခုနှစ်၊ မေလ ၃၀ ရက်နေ့ နေ့လည်(၁၂) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မကွေးမြို့၊ ကန်သာရပ်ကွက်၊ အထက(၁)လမ်း၊ ကန်သာကန် မြောက်ဘက်ခြမ်း ကန်ဘောင်အခြေတွင် လူတစ်ဦး သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မကွေးမြို့၊ မြင်သာရပ်ကွက်နေသူ ဦးသန်းဝင်း (၅၁)နှစ် ဖြစ်ကြောင်း ဦးသန်းဝင်း၏ သမီးဖြစ်သူ မမူမူထွန်းမှ ပြောပြသိရှိရပြီး ဦးသန်းဝင်း ၏ အလောင်းမှာ ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ ပက်လက်အနေအထားဖြင့် သေဆုံးနေသည် ကို တွေ့ရှိ ရ ကြောင်း၊ သေဆုံးသူမှာ လွန်ခဲ့သော(၂၃) နှစ်ခန့်ကတည်းက အရက်သေစာ အလွန်အကျွံ သောက်စား ၍ အရက်စွဲနေသူဖြစ်ကြောင်း၊ အကြောတက် ရောဂါနှင့် ခန္ဓာကိုယ်အောက်ပိုင်း သန်စွမ်းမှုနည်းပါး ကြောင်း စုံစမ်းသိရှိရပြီး ၂၉.၅.၂၀၁၅ ရက်နေ့ ၀၇၀၀ အချိန်တွင် နေအိမ်မှထွက်ခွာသွားရာ ပြန်လည်ရောက် ရှိလာခြင်း မရှိသဖြင့် ၃၀.၅.၂၀၁၅ ရက်နေ့ ၀၈၀၀ အချိန်ခန့်တွင် မမူမူထွန်းမှ ၎င်း၏ဖခင် အရက် သောက်စားလေ့ရှိသည့် ကန်သာကန်ဘောင် တစ်ဝိုက်တွင် ရှာဖွေခဲ့ရာမတွေ့ ရှိခဲ့ကြောင်း၊ ဖခင်ဖြစ်သူမှာ ကန်သာကန်ဘောင်မြောက်ဘက်ခြမ်း ကန်ဘောင်ခြေတွင် သေဆုံးနေ သည်ကို တစ်ရပ်ကွက်တည်းနေသူများမှ တွေ့မြင်ရကြောင်း ပြောပြသိရှိရကြောင်း၊ စစ်ဆေး သိရှိရ သဖြင့် ဦးသန်းဝင်း သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်းသေဆုံး ခြင်းဟုတ်/ မဟုတ် စစ်ဆေးနိုင်ရန် မကွေးမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၅ ဖြင့် ရေးဖွင့်ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ညနေ(၀၃း၄၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် ရဒေးရွာမြောက်ဘက် လှည်းလမ်းပေါ်အရောက်တွင် ကန်တော်ရွာဘက်မှ ရဒေးရွာ ဘက်သို့ ဆိုင်တစ်စီးတွန်းလာသူ တစ်ဦးအား တွေ့ရှိသဖြင့် မသင်္ကာ၍ စစ်မေးရာ ၄င်းမှာ စလင်းမြို့နယ်၊ ရဒေးရွာနေသူ မျိုးမင်းအောင် (၂၀)နှစ်ဖြစ်ပြီး ဆိုင်ကယ်နှင့် ပတ်သက်၍ ၄င်းပိုင်ဆိုင်ကြောင်း ခိုင်လုံစွာ ပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် မျိုးမင်းအောင်အား စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းနယ်မြေရဲစခန်း (ပ)၁၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၉/ကျင့် ၅၄ ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ မေလ ၃၀ ရက်နေ့ နံနက် (၁၀း၀၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပခုက္ကူမြို့၊ အမှတ် (၁၁) ရပ်ကွက်အတွင်း မှုခင်းကျဆင်းရေး လှည့်ကင်းဆောင်ရွက်နေစဉ် အမှတ်(၁၁)ရပ်ကွက်၊ (၁၀)လမ်းပေါ်၌ မသင်္ကာဖွယ် လူတစ်ဦးအား ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိမေးမြန်းရာ ၄င်းမှာ ပခုက္ကူမြို့၊ အမှတ်(၅)ရပ်ကွက်နေသူ ၀င်းကိုနိုင်(၂၃)နှစ် ဖြစ်ပြီး ဆိုင်ကယ်နှင့်ပတ်သက်၍ ၄င်း ပိုင်ဆိုင်ကြောင်း ခိုင်လုံစွာ ပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် ၀င်းကိုနိုင်အား ပခုက္ကူ မြို့နယ်၊ မြို့မရဲစခန်း (ပ)၂၂၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ မေလ ၃၀ ရက်နေ့ နေ့လယ်(၂) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း သတင်းစုံစမ်းရာ တောင်တွင်းကြီးမြို့၊ အုန်းတော (၁)ရပ်ကွက်အတွင်း ရောက်ရှိစဉ် အုန်းတော(၁)ရပ်ကွက်နေသူ အောင်သူရ (၁၆) နှင့် တောင်တွင်းကြီး မြို့နယ်၊ တိုက်ပွဲကျေးရွာ နေသူ သက်နိုင်ထွန်း(၂၂)နှစ် တို့သည် ဟန်းဆက် တစ်လုံး အား ဈေးနှုန်းချိုသာ စွာဖြင့် လိုက်လံရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့်အတူ စစ်မေးခဲ့ရာ သက်နိုင်ထွန်းနှင့် အောင်သူရ တို့ထံမှ Honor အမျိုးအစား အဖြူရောင် ဟန်းဆက် တစ်လုံး (တန်ဖိုး ၅၀၀၀၀ိ/-ခန့်) အား တွေ့ရှိရပြီး ဟန်းဆက်နှင့်ပတ်သက်၍ ၄င်းတို့ ပိုင်ဆိုင်ကြောင်း ခိုင်လုံစွာပြောဆို ပြ သနိုင်ခြင်း မရှိသဖြင့် သက်နိုင်ထွန်း နှင့်အောင်သူရ တို့အား တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၉၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉/ကျင့် ၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ညနေ (၃)နာရီအချိန်ခန့်တွင် ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြို့နယ် ရဲတပ်ဖွဲ့မှူး ၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၁/၂၀၁၅)ဖြင့် ဆိပ်ဖြူမြို့နယ်၊ တူးရွင်းမျော ကျေးရွာနေသူ အောင်ကျော်စိုး (၄၀)နှစ် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ် အိပ်ခန်းအတွင်းမှ နှစ်လုံးထီ လောင်းကစား ရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် လောင်းကြေးငွေ စက္ကူရောရာ (၃၀၆၀၀ိ/-)တို့အား တွေ့ရှိ သိမ်းဆည်း ရမိသဖြင့် တရားမ၀င် နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အောင်ကျော်စိုး အား ဆိပ်ဖြူမြို့နယ်၊ မြို့မရဲစခန်း(ပ)၃၃/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုရေးဖွင့်ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိသည်။

အလားတူ ၂၀၁၅ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ညနေ(၄)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် နိုင်လင်းနှင့်အဖွဲ့သည် ပခုက္ကူခရိုင်၊ ပေါက်မြို့၊ အောင်တော်မူရပ်ကွက်ရှိ ဦးအောင်တင် နေအိမ်တွင် ၎င်း၏ချွေးမဖြစ်သူ တစ်အိမ်တည်းနေ မတင်လဲ့ဝင်း(၄၆)နှစ်မှာ ချဲထီလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ လောင်းကစား ဖမ်းဝရမ်း အမှတ် (၆/၂၀၁၅)ဖြင့် နေအိမ်အတွင်း ၀င်ရောက်ရှာဖွေရာ မတင်လဲ့ဝင်း၏ အိပ်ခန်း သေတ္တာအတွင်းနှင့် စားပွဲခုံပေါ်မှ ချဲထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့်အတူ လောင်းကြေးငွေ စက္ကူရောရာ (၉၉၃၅၀ိ/-)တို့အား တွေ့ရှိသိမ်းဆည်း ရမိ သဖြင့် တရားမ၀င် ချဲထီလောင်းကစားပြုလုပ်သူ မတင်လဲ့ဝင်းအား ပေါက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၆၈/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း၊
 
အလားတူ ၂၀၁၅ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ည(၀၈း၂၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၂၁/၂၀၁၅)ဖြင့် မကွေးမြို့၊ သိင်္ဂါရပ် ကွက်နေသူ မညွန့်ရင်မြ (၄၁)နှစ်၏နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ မညွန့်ရင်မြအား နေအိမ်အ တွင်း မြေပြင်ပေါ်တွင် သုံးလုံးချဲထီ လောင်းကစား ပြုလုပ်နေသည်ကို တွေ့ရှိရပြီး ၄င်းထံမှ သုံးလုံးထီ ချဲထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် လောင်းကြေး ငွေစက္ကူရောရာ (၁၁၁၀၀ိ/-) တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမ၀င်ချဲထီ လောင်းကစားပြုလုပ်သူ မညွန့်ရင်မြ အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၂၀၅/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Saturday, May 30, 2015

တောင်တွင်းကြီး           မေ                  ၃၀
၂၀၁၅ ခုနှစ်ဇွန်လ ၂၆ ရက်တွင်ကျရောက်မည့်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်
တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကိုအထူးအလေးထားလျှက်တောင်တွင်းကြီး
မို့နယ်ပြန်ကြားရေးနှင်ပြည်သူဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍မေလ ၃၀ရက်နေ့နံနက် ၈ နာရီအချိန်ကအပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်တိုက်ဖျက်ရေးနေ့အထိမ်း
အမှတ်စာအုပ်စာစောင်နံရံကပ်စာစောင်ဓါတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲကို(အထက-၁)
ပေလေးပင်ခန်းမ တွင်းကျင်းပရာတိုင်ဒေသကြီးလွတ်တော်ဒုတိယဥက္ကဌဦးစောဝင်းမောင်
မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းဇော်တိုကအမှာစကားပြောကြားခဲ့ပြီးအခမ်းအနားသို့ တက်ရောက်လာကြသည့်ဌာနဆိုင်ရာများမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ
အမျိုးသမီးရေးရာအဖွဲများဆရာဆရာမများကျောင်းသားကျောင်းသူများစုစုပေါင်း ၂၅၀ဦးတိုက
၁၈ ကြိမ်မြှောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ ဝင်ရောင်ဝယ် မှု့တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပြသထားသောစာအုပ်စာစောင်နံရံကပ်စာစောင်ဓါတ်ပုံပြပွဲကို
စိတ်ပါဝင်စားစွာလေ့လာကြည့်ရှူုကြကြောင်းသိရသည်။


စေတုတ္တရာ  မေ   ၃၀
    အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အား လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းစီမံချက်(ယင်းမာ)အရ ၂၀၁၅-ခုနှစ် မေလ(၂၆)ရက်နေ့ မှ ဇွန်လ(၂၆)ရက်နေ့အထိ တစ်လတာ အထူးကာလအဖြစ် သတ်မှတ်လျက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးရိုင်၊ စေတုတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် မေ(၂၉)ရက်နေ့ နေ့လယ်
(၂း၀၀)နာရီ အချိန်က မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါအခမ်းအနားတွင် စေတုတ္တရာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သန်းမှ မူးယစ်ဆေးဝါးများ၏  ဆိုးကျိုး၊ ကောင်းကျိုးနှင့် မူးယစ်ဆေးဝါအန္တရာယ်နှိမ်နှင်းကာကွယ်တားဆီးရေး လုပ်ငန်းများကို အထူး ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်းပြောကြားကာ အခမ်းအနားအပြီးတွင် အခမ်းအနားသို့ တက်ရောက်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအသိပညာပေး လက်ကမ်းစာစောင်းများကို ဖြန့်ဝေခဲ့ကြောင်းသိရှိရသည်။မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်
မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်ဓါတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲ ကျင်းပ
၂၀၁၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့ ညနေ (၅) နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ရေနံချောင်း မြို့နယ်၊ မြို့မတောင်ရပ်ကွက်၊ အောင်သပြေရပ်နေ ဦးဝင်းရွှေ၏နေအိမ်တွင် လောင်း ကစား ပြု လုပ်နေကြောင်း သတင်းအရ ရေနံချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်း ကစားဝရမ်းအမှတ် ၈/၂ဝ၁၅ ဖြင့် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်း ရရှိပါသည်။

 အောင်သပြေရပ်နေ ဦးဝင်းရွှေ၏နေအိမ်ရှေ့အဖီတဲတွင် အောင်သပြေရပ်နေ ဒေါ်အမာတင်(ခ) အမကြီး၊ ၅ဝနှစ်၊ တစ်ရပ်ကွက်တည်းနေ မချစ်စုစံ(၂၄)နှစ်၊ မစန္ဒာလှိုင်(၂၉)နှစ်၊ အိုးဘိုရပ်ကွက်နေ ကိုအောင်ကို (၂၉)နှစ်နှင့် အိုးဘိုရပ်ကွက်၊ စည်ပင်သာယာမြောက်ရပ်နေ ကိုကျော်ဆန်း၊ (၄၇)နှစ်တို့ ၅ဦးတို့အား ဒိုးဇက်လောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိရပြီး ဒိုးဇက် လောင်းကစားရာတွင် အသုံးပြုသော ဒိုဇက် (၂၈)ခု၊ (၂)ပေပတ်လည်ခန့်ရှိအထပ်သား(၁)ချပ်၊ ငွေစက္ကူရောရာ ၃၈၂၅ဝိ/-နှင့်အတူတွေ့ရှိ သိမ်းဆည်း ရမိသဖြင့် ဒေါ်အမာကြည်ပါ (၅)ဦးအား ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၇၉/၂ဝ၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၂(က)/၁၃(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။



၂၀၁၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့ နံနက် (၁၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ငလှိုင်ခြုံအုပ်စု၊ ငါးခူအိုင်ရေနံမြေမှ ဦးကျော်သူရ၏ ယာမြေအတွင်း မြိုင်မြို့နယ်၊ ဝယ်ထောင် ရွာနေ ရေနံကျင်းပိုင်ရှင်ဖြစ်သူ ဦးကံသွယ် (၃၉)နှစ်၏ရေနံကျင်းတွင် ၄င်းကိုယ်တိုင် ရေနံ ခပ်နေစဉ် ကျင်း သံပိုက်နှင့် ရေနံခပ်ခွက်သံပိုက်တို့ ပွတ်တိုက်မိရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဦးကံသွယ် တွင် လက်မောင်း/ ဝဲခြေသလုံးတို့တွင် မီးဟပ်ဒဏ်ရာ (မစိုးရိမ်ရ) တို့ရရှိခဲ့ကာ စက်ကလပ်ခုံ (၂)စုံ၊ ရေနံ(၄)ပေပါ၊ စုစုပေါင်းတန်ဘိုး ၁,ဝ၂ဝ,ဝဝဝိ/-တို့ မီးလောင်ဆုံးရှုံးသွားသဖြင့် ရေနံကျင်းတွင် ပေါ့ဆစွာရေနံခပ်ယူသူ ဦးကံသွယ်အား သရက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၆၉/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅/၃၃၇ အရ အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

 အမှုမှ တရားခံ မြိုင်မြို့နယ်၊ ဝယ်ထောင်ရွာနေ ရေနံကျင်း ပိုင်ရှင်ဖြစ်သူ ဦးကံသွယ်(၃၉)နှစ်နှင့် သရက် မြို့နယ်၊ ငါးခူအိုင်တဲတိုက်နေ ယာပိုင်ရှင် ကျော်သူရ(၃၃)နှစ်တို့သည် စွမ်းအင် ဝန်ကြီးဌာန၏ ခွင့်ပြုချက် မရှိဘဲ တရားမဝင် ရေနံတူးဖော်လုပ်ကိုင်ခဲ့ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် တူးဖော်ခွင့်ပြုသူ ကျော်သူရနှင့် တူးဖော်သူ ဦးကံသွယ်တို့အား သရက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၇ဝ/၂ဝ၁၅၊ နိုင်ငံတော် ပိုင် စီးပွားရေး လုပ်ငန်းများဥပဒေပုဒ်မ - ၉ အရ ဆက်လက် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်း ရရှိပါသည်။



Friday, May 29, 2015

        ပခုက္ကူ မေ ၂၈
       ၂၀၁၅-၂၀၁၆ ပညာသင်နှစ် မြို.နယ်ကျောင်းအပ်နှံရေးနေ.အခမ်းအနားကို ပခုက္ကူအထက(၂)၌ မေ ၂၈ ကကျင်ပခဲ့သည်။
        အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ. သစ်တောနှင့်သတ္ထုတွင်းဝန်ကြီး ဦးသိန်းထွန်းက အဖွင့်အမှာစကားပြောကြားခြင်း၊ခရိုင်အုပ်ချုပ်ရေးမှူး ဦကိုကိုလွင်က အမှာစကားပြောကြားပြီး၊ ခရိုင်ပညာရေးမှူးဦးမိုးဆွေကယခုနှစ်တွင်မူလတန်းကျောင်းသားကျောင်းသူများအား ကျောင်းသုံးဗလာ
စာအုပ်များအပြင် ကျောင်းဝတ်စုံများကိုလည်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မူလတန်းနှင့်အလယ်တန်းအဆင့်ကို အခမဲ့ပညာရေးစနစ်အဖြစ် နိုင်ငံတော်က စတင်အကောင် အထည်ဖော်ဆောင်ရွက်နေပြီး အထက်တန်းအဆင့်ကိုလည်း အခမဲ့ပညာရေးစနစ်ဖြစ်အောင် စီစဉ်ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်မှအခမဲ့ပညာရေးကိုအကောင်အထည်ဖော်နေချိန်တွင် အခြေခံပညာကျောင်းများ၌ ငွေကြေးကောက်ခံမှုများ လုံးဝမပြုလုပ်ရန် ဆရာဆရာမများအား အသိပေးပြောကြားလိုကြောင်း၊ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးအတွက် 
အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
                    ဆက်လက်၍ပညာရေးဝန်ကြီးဌာနမှ ကျောင်းသုံးဗလာစာအုပ်များ၊ကျောင်းဝတ်စုံများ၊မြို.နယ်
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအမျိုးသမီးရေးရာအဖွဲ.မှအလှူငွေကျပ်(၆)သိန်း၊ကြယ်စင်မောင်နှမပ
ရဟိတ လူငယ်များအသင်းမှအလှူငွေကျပ်(၈)သိန်းငါးသောင်းနှင့်မြို.နယ်ဖွံ.ထောက်ကော်မတီက ငွေကျပ်ငါး
သောင်း လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းသိရသည်။
                                                                                                  ဥာဏ်တိုး(iprd)
ပွင့်ဖြူ     မေ     ၂၈
    မကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်းမြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကို ပွင့်ဖြူအခြေခံပညာအထက်တန်းကျောင်းခန်းမတွင် မေ ၂၇ ရက်နံနက် ၉ နာရီက ကျင်းပခဲ့ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဒေါက်တာထွန်းထွန်းက အဖွင့် အမှာစကား ပြောကြားခဲ့ပြီးမြို့နယ်ပညာရေးမှူးမှကျောင်းအပ်နှံရေးနှင့်ပတ်သက်သည့် ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားခဲ့သည်။
    ဆက်လက်၍၂၀၁၅-၂၀၁၆ပညာသင်နှစ်အတွက်ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့သော
 ကျောင်းသုံးပုံနှိပ်၊ဗလာစာအုပ်နှင့်ကျောင်းဝတ်စုံများကို တာဝန်ရှိသူများမှ ကျောင်းသား ကျောင်းသူများအား အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
  မြိုင် မေ ၂၈
            ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာန၊မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်မြိုင်မြို.နယ်အခြေခံ
ပညာရေးဦးစီးဌာနမှကြီးမှူးကျင်းပသော ၂၀၁၅-၂၀၁၆ ခုနှစ်ပညာသင်နှစ်မြို.နယ်လုံးကျွတ်ကျောင်းအပ်နှံရေး
နေ.ကို မေ ၂၈ ရက်နေ.နံနက် ၉ နာ ရီက မြိုင်အထကကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
              အဆိုပါကျောင်းအပ်နှံရေးနေ.တွင်မြို.နယ်အုပ်ချုပ်ရေမှူးဦးရဲလင်းအောင်ကအဖွင့်အမှာစကားပြော
ကြားပြီး မြို.နယ်ပညာရေးမှူးဦးသန်းအေးက မြို.နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနှင့်ပညာရေးဝန်ကြီးဌာန ကအခမဲ့ဖြန်.ဝေသော ကျောင်းသုံးပုံနှိပ်၊ဗလာစာအုပ်နှင့်ကျောင်းဝတ်စုံများကို ကျောင်းသားကျောင်း/ကျောင်းသူ
များကိုပေးအပ်ခြင်း နှင့်ရှင်းလင်းမှာကြားသည်။
            ထိုနောက်ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ဗလာစာအုပ်နှင့်ကျောင်းဝတ်စုံများကို ကျောင်းသား/ကျောင်း
သူများအား အခမဲ့ပေးအပ်ကြပြီး မြို.နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နှင့်အမျိုးသမီးရေးရာအဖွဲ.
များ၊အခြားစေတနာရှင်များက ကျောင်းဝတ်စုံနှင့်စာအုပ်များကို ကျောင်းသား/ကျောင်းသူများအား အခမဲ့ပံ့ပိုးမှု
များပေးအပ်ကြကြောင်းသိရသည်။

မြို့သစ်  မေ  ၂၈

           မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်နဘဲကုန်းအုပ်စု ကိုရံတောင်ကျေးရွာတွင်စိုက်
ပျိုးထားသောဧက(၁၀၀)ပုလဲသွယ်စပ်မျိုးစပါးခင်းအောင်မြင်ဖြစ်ထွန်းမှုအနေအထားကိုတောင်တွင်း
မြို့စိုက်ပျိုးရေးဦးစီးဌာနအကြီးအကဲနှင့်ဝန်ထမ်းများကမေလ ၂၈ ရက်နေ့ နံနက်ပိုင်းကအောင်မြင်ဖြစ်
ထွန်းနေသော စပါးခင်းသို့လာရောက်လေ့လာကြည့်ရှုခဲ့သည်။

           မြို့သစ်မြို့နယ် နဘဲကုန်းအုပ်စု ကိုရံကျေးရွာကွင်းအမှတ်(၁၃၈၃)စံပြစိုက်ပျိုးထား
သောပုလဲသွယ်စပ်မျိုးစပါးခင်းကိုတောင်တွင်းကြီးမြို့စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ
ဦးထွန်းမြင့်နှင့်ဝန်ထမ်း(၂၀)ဦးကအဆိုပါကွင်းသို့လာရောက်လေ့လာခဲ့ရာ မြို့သစ်မြို့နယ်
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိဦးအောင်ဝင်းနှင့်တာဝန်ကျဝန်ထမ်းများက လိုက်လံ
ရှင်းလင်းပြသခဲ့ကြောင်းသတင်းရှိသည်။

   
မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနဝန်ထမ်းသားသမီးများအား ၂၀၁၅-၂၀၁၆ ပညာသင်နှစ်ပညာသင်စရိတ်ထောက်ပံ့ငွေပေးအပ်ပွဲကိုမေလ ၂၉ ရက်နံနက် ၉ နာရီကပုဏ္ဏဝတီခန်းမ၌ကျင်းပရာမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌဦးသေားညွန်မြို့
နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးဇော်နိုင်လင်းတိုးအားအမှာစကားပြောကြား ခဲ့ပြီးဝန်ထမ်းသားသမီးများအားပညာသင်စရိတ်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
             အဆိုပါပညာသင်စရိတ်ပေးအပ်ပွဲတွင်ဝန်ထမ်းသားသမီးများဖြစ်သောတက္ကသိုလ် အဆင့် ၁၉ ဦးအထက်တန်းအဆင့် ၂၂ ဦးအလယ်တန်းအဆင့်၁၅ ဦးမူလတန်းအဆင့် ၁၅ ဦးစုစုပေါင်း ၇၁ ဦးတိုးအားပညာသင်စရိတ်စုစုပေါင်းငွေကျပ် ၄၁၉၀၀၀ ပေးအပ်ခဲ့ကြောင်းသိရသည်။
  တောင်တွင်းကြီး    မေ         ၂၉
နတ်မောက်        မေ၂၉
        မြန်မာ့လယ်ယာဖွံဖြိုးဘဏ်မှဘဏ်အဖွဲ့ဝင်တောင်သူများကိုမိုး /ဆောင်း မိုးကြို ချေးငွေများကိုနှစ်စဉ်
ထုတ်ချေးပေးလျှက်ရှိရာနတ်မောက်မြို့နယ်အနေဖြင့်လည်း  ၂၀၁၅ မိုးရာသီဘဏ်ချေးငွေများကိုတိုင်းဒေသ
ကြီးဘဏ်ခွဲမှခွင့်ပြုမိန့်ရလျှင်ရခြင်းစတင်ထုတ်ချေးပေးလျှက်ရှိကြောင်းးသိရသည်။
          ၂၀၁၅ ခုနှစ်မေလ  ၂၇  ရက်နေ့မှစတင်ထုတ်ချေးပေးလျက်ရှိရာယနေ အထိကျေးရွာအုပ်စု (၃)အုပ်စုဘဏ်အဖွဲ့ဝင် ( ၁၇၅ )ဦးအားစပါး ( ၂၅၂ )ဧက နှမ်း( ၃၄၃ )ဧကအတွက်ချေးငွေကျပ် ( ၃၂၆.၆၀ )သိန်း ထုတ်ချေးပြီးဖြစ်ကြောင်းနှင့်မြို့နယ်အတွင်း ၂၀၁၅ မိုးရာသီဘဏ်ချေးငွေကျပ်သိန်းပေါင်း( ၁၅၀၀၀ .၀၀ ) သိန်းကို ကျန်ရှိကျေးရွာအုပ်စု( ၇၂ )အုပ်စု )မှ ဘဏ်အဖွဲ့ဝင်တောင်သူများ လက်ဝယ်သို့ သတ်မှတ်ကာလအတွင်းအချိန်မီထုတ်ချေး ပေးနိုင်ရေးအတွက်စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်းမြို့နယ်
မန်နေဂျာဦးမျိုးနိင်ထံမှသိရသည်။
မြို့သစ် မေ ၂၉
             မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနား
ကိုမြို့သစ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းရတနာခမ်းမတွင်မေလ ၂၉  ရက်နေ့ နံနက်ပိုင်းကအဆိုပါကျောင်းဝန်းအတွင်းကျင်းပပြုလုပ်ခဲ့သည်။
           ရှေးဦးစွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်  အုပ်ချုပ်ရေးမှုး
ဦးဗိုလ်အောင်မောင်မောင်က နုတ်ဆက် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပညာရေးမှုး
ဒေါ်ခင်အုန်းမြက မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနှင့်စပ်လျဉ်း၍ အသေးစိပ်ရှင်းလင်းဆွေးနွေး
ပြောကြားခဲ့သည်။
             ဆက်လက်၍ နိုင်ငံတော်က ထောက်ပံ့ပေးသောဗလာစာအုပ်(၆)အုပ်  ပုံနှိပ်စာအုပ်များ
ကို မြို့နယ်အုပ်ချုပ်ရေးမှုးဦးဗိုလ်အေါင်မေါင်မေါင်လည်းကောင်းဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်
ထမ်းများက အလှူငွေနှင့်ကျောင်းဝတ်စုံများကိုလည်းကောင်းအမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်
ကလေးစောင့်ရှောက်ရေးအသင်းဝင်များကအလှူငွေနှင့်ကျောင်းဝတ်စုံများကိုလည်ကောင်း
ကိုယ်ပိုင်သင်တန်းကျောင်း ဘော်ဒါကျောင်းအုပ်ဆရာများကစုပေါင်းကာအလှူငွေနှင့်ကျောင်းဝတ်
စုံများကိုပေးအပ်ခဲ့ရာ တာဝန်ရှိဆရကြီး/ဆရာမများကလက်ခံရယူခဲ့သည်။
               အခမ်းအနားသို့ဌာနဆိုင်ရာ တာဝန်ရှိသူများ  အမျိုးသမီးရေးရာအဖွဲ့ဝင်များမိခင်နှင့်
ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ကျောင်းသားမိဘများနှင့်ဆရာ/ဆရာမများကျောင်းသား
ကျောင်းသူများတက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
၂၀၁၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့ ညနေ(၆) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် မကွေးတိုင်းဆေးရုံကြီးတွင် ဓါတ်လိုက်၍ သေဆုံးသော လူနာတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သေဆုံး သူမှာ မကွေးမြို့နယ်၊ ကန်သာလေး ကျေးရွာနေသူ ချစ်မင်းသူ(ခ) ချမ်းငြိမ်း (၁၉)နှစ် ဖြစ်ပြီး ၁၆၄၅ အချိန်ခန့်တွင် ချစ်မင်းသူ(ခ)ချမ်းငြိမ်းသည် မကွေးတိုင်းဆေးရုံကြီး အနောက် ဘက်ရှိ `အိအိ´ထမင်းဆိုင် ၏ ရှေ့မျက်နှာစာအဖီကို သွပ်မိုးနေစဉ် ဆေးရုံရှေ့ ဓါတ်တိုင်နှင့် ထမင်းဆိုင်ရှိ လျှပ်စစ်မိန်းခုံအား သွယ်တန်း ထားသော 3044 အဖြူရောင် လျှပ်စစ်ကြိုးမှာ လျော့ကျနေသဖြင့် ကြိုးအား ဆွဲတင်းစဉ် ဓါတ်ကြိုး တွင် ပေါက်နေသော နေရာအား လက်ဖြင့် ဆုပ်ကိုင်မိသဖြင့် ဆိုင် ခေါင်မိုးပေါ်တွင် လဲကျသွားစဉ် ဆိုင်ရှင် ဦးချိုဝင်းမှ တွေ့မြင့်၍ မကွေးဆေးရုံကြီးသို့ ပို့အပ်ခဲ့ရာ ပြင်ပလူနာဌာနသို့ ရောက်ရှိစဉ် သေဆုံးသွားကြောင်း စစ်ဆေးသိရှိရပြီး ချစ်မင်းသူ(ခ)ချမ်းငြိမ်းတွင် ယာတံတောင် ပွန်းဒဏ်ရာ၊ ၀မ်းဗိုက် ချက်အထက်ပွန်းခြစ် ဒဏ်ရာ၊ ကျင်ငယ်ရည်များထွက်၍ သေဆုံး နေသည်ကို တွေ့ရှိရသဖြင့် ၎င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် မကွေးမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။



ကျောက်ထု မေ ၂၈
    မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အထူးစီမံချက်(ယင်းမာ)ကို ၂၀၁၅ ခုနှစ် မေ ၂၆ ရက်မှ ဇွန် ၂၆ ရက်ထိ တစ်လတာအထူးကာလအဖြစ် သတ်မှတ်ဆောင်ရွက်လျှက်ရှိရာ မူးယစ်ဆေးဝါးနှင့် စိတ်ကို  ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော ပွဲကို မေ၂၇ရက်နံနက်၉နာရီကဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ လေးကျေးရွာဓမ္မာရုံတွင်  ကျောက်ထုမြို့
 ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည်။  အဆိုပါအခမ်းအနားတွင် ကျောက်ထုမြို့အုပ်ချုပ်ရေးမှူးဦးသူရိန်အောင်ကအမှာစကားပြောကြားပြီး ပြည်သူ
လူထုပါဝင်သော မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများ၊ ကျောက်ထုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှူး ဦးအေးလင်းက မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ ကျောက်ထု ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်ခင်မောင်ရွှေက မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ပြစ်မှုပြစ်ဒဏ်များတို့ကို အသီးသီးရှင်းလင်း ဟောပြောကြ သည်။
    အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာ ဝန်ရှိသူများနှင့် ပြည်သူများ ၁၅၀ ဦးခန့်တို့တက်ရောက်ကြကြောင်းနှင့် ဟောပြောပွဲတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ ဂန့်ဂေါမြို့။
၂၀၁၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့ ညနေ (၀၆း၄၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာမှ စဘေကန်ကျေးရွာသွား ကားလမ်းပေါ်ရှိ ကျေးရွာများတွင် လှည့်လည်၍ တရားမ၀င်ချဲထီများ   လိုက်လံရောင်းချနေကြောင်း သတင်းအရ ဗဟင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် သက်သေများနှင့်အတူ ဗဟင်းရွာအနီးတွင် စောင့်ဆိုင်းနေစဉ် စဘေကန် ကျေးရွာဘက်မှဗဟင်းကျေး ရွာဘက်သို့ မောင်းနှင်လာသော ကန်ဘို ၁၂၅ အစိမ်းရောင် ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်စီး လာသူမှာ မြိုင်မြို့နယ်၊ ၀ယ်တောင်ကျေးရွာနေသူ စန်းလင်း (၄၃)နှစ် ဖြစ်ပြီး ၎င်းစီးလာသော ဆိုင်ကယ် တူးဘောက်အတွင်းမှ ချဲထီလောင်းကစားရာတွင်အသုံးပြုသော  လောင်းကစား စာရွက်စာတမ်း များနှင့် လောင်းကြေးငွေစက္ကူ ရောရာ၁၀၈၀၀ိ/-တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့်တရားမ၀င်ချဲထီ  လောင်းကစား ပြုလုပ်သူ စန်းလင်း အား မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်း (ပ)၄၆/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) အရ အမှုရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သတင်း ရရှိပါသည်။

အလားတူ ၂၀၁၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့ ညနေ (၃)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မကွေးမြို့၊ ချမ်းမြေ့သာယာ ရပ်ကွက်၊ (၁)လမ်းနေသူ ဦးစိုးမြင့် (၅၇)နှစ် ၏ နေအိမ်တွင် နှစ်လုံးထီ/သုံးလုံး ထီ  လောင်းကစားပြု  လုပ် နေကြောင်း သတင်းအရ သက်သေ များနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏  လောင်း ကစားဖမ်းဝရမ်း အမှတ် ၂၀/၂၀၁၅ ဖြင့် ၀င်ရောက် ရှာဖွေရာ နေအိမ်အပေါ်ထပ် ဧည့်ခန်းအတွင်းမှ နှစ်လုံးထီ/ သုံးလုံး ထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် လောင်းကြေးငွေ စက္ကူရောရာ ၁၈၃၅၀ိ/- တို့အား တွေ့ရှိသိမ်းဆည်း ရမိသဖြင့် တရားမ၀င် နှစ်လုံးထီ/ သုံးလုံးထီ လောင်းကစားပြုလုပ်သူ ဦးစိုးမြင့် အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၉၉/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


၂၀၁၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့ နေ့လည်(၁၂း၂၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့မ ရဲစခန်း၏အရှေ့ဘက် (၁၀)မိုင်ခန့်အကွာ မန္တလေး-ဂန့်ဂေါ ကားလမ်းပေါ်တွင် ခရီးသည်တင် မှန်လုံယာဉ်(၁)စီး မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ဂန့်ဂေါ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဆွေ နှင့် ဂန့်ဂေါမြို့မရဲစခန်းမှူး ဒုရဲမှူး ကြည်ငွေ ဦးစီး(၃+၅)ဦးတို့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း၊

ဖြစ်စဉ်မှာ ၁၂၁၅ အချိန်ခန့်တွင် မန္တလေး-ဂန့်ဂေါ ကားလမ်း မိုင်တိုင်အမှတ် (၉၈/၅)နှင့် (၉၈/၆) အကြား၊ မဲကျေးရွာအနီးတွင် မန္တလေး ဘက်မှ ဂန့်ဂေါဘက်သို့ ဂန့်ဂေါမြို့၊ မြောက်ကုန်း ရပ်ကွက်နေသူ ယာဉ်မောင်း အောင်ဇော်ထွဋ် (၂၅)နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ် ၄ခ/xxxx “မြစ်သာမန်း” ခရီး သည် တင် မှန်လုံယာဉ်သည် ခရီးသည် ကျား(၅)ဦး၊ မ(၆)ဦး၊ ပေါင်း(၁၁)ဦး၊ ယာဉ်ကြီးကြပ်(၁)ဦး၊ ယာဉ်နောက် လိုက်(၁)ဦး၊ စုစုပေါင်း(၁၄)ဦးတင်ဆောင် မောင်းနှင်လာစဉ် ကားအင်ဂျင်စက်ခန်းမှ ၀ါယာ လျှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး ရဲတပ်ဖွဲ့ဝင်(၈)ဦး၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီး မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦးတို့မှ မြို့နယ်မီးသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး တို့ဖြင့် ၁၂၂၅ အချိန်ရောက်ရှိပြီး မီးငြိမ်းသတ် ခဲ့သဖြင့် ၁၃၂၀ အချိန် မီးလုံးဝငြိမ်းသွား ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ယာဉ်၏ အင်ဂျင်ပိုင်းများနှင့် ယာဉ်ပေါ်ပါ ကုန်ပစ္စည်း အနည်းငယ်တို့ မီးလောင် ကျွမ်းခဲ့သဖြင့် ဆုံးရှုံးမှုတန်ဘိုး စုစုပေါင်း သိန်း(၈၀)ခန့် ဆုံးရှုံးခဲ့ပြီး လူ/တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်းသိရှိရပါသည်။ယာဉ်မဆင်မခြင် မောင်းနှင်၍မီးလောင်မှု ဖြစ်ပွားစေသူယာဉ်မောင်း  အောင်ဇော်ထွဋ် အား ဂန့်ဂေါ မြို့မရဲစခန်း (ပ)၅၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရအမှုဖွင့်အရေး ယူ ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့ ညနေ(၄) နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာ အနောက်ဘက် (၁)မိုင်ခန့် အကွာ ကြီးအုံကြီးဝတမံမှ မဲဇလီရွာသွား မြေနီလမ်းပေါ်တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ၄င်းလမ်း အတိုင်း ကြီးအုံကြီးဝတမံ ဘက်မှ မဲဇလီရွာဘက်သို့ ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာ နေသူ ယာဉ်မောင်း မောင်ဇော်(၃၉)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ် တွင် ကျောက်ချအလုပ်သမား ကျား(၄)ဦး၊ မ(၈)ဦး၊ ပေါင်း(၁၂)ဦးလိုက်ပါလာသော 2J/xxxx SKART FAW အပြာရောင်ယာဉ်သည် စေတုတ္တရာမြို့နယ်၊ ညောင်ကုန်းရွာလမ်းသို့ ကျောက်များချပြီး ပြန်လာ စဉ် ပွင့်ဖြူမြို့ နယ်၊ လယ်မရွာ အနောက်ဘက် ဒဟတ်ကုန်းလမ်း အဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ပြီး ယာဉ်ပေါ်ပါ ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာနေသူ မသန်းသန်းနွယ် (၂၈) အပါအ၀င် (၁၂)ဦးလုံးတွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ မောင်ဇော်အား ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၂၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

Thursday, May 28, 2015

မကွေး    မေ  ၂၆
    အာမခံဆိုင်ရာပညာပေးဟောပြောပွဲကို GLOBAL WORLD INSUANCE Co,Ltd မှစီစဉ်၍ ယနေ့နံနက်(၀၉း၀၀)နာရီအချိန်က မကွေးဟိုတယ်ခန်းတွင်ကျင်းပပြုလုပ် သည်။
    အခမ်အနားတွင် GLOBAL WORLD INSUANCE Co,Ltd မှဒါရိုက်တာ ဦးစိုးဝင်း သန့်က အာမခံလုပ်ငန်းအကြောင်းသိကောင်းစရာများကို တင်ပြဆွေးနွးသည်။ ဆက်လက်ပြီး စွယ်တော်ဖူးမော်တော်ယာဉ် လိုင်းပိုင်ရှင်ဦးအေးကိုက အလုံးစုံမော်တော် ယာဉ်အာမခံလုပ်ငန်ျးနှင့်ပတ်တ်၍ရှင်လင်းတင်ပြပြီး တက်ရောက်လာသူများကသိရှိ လိုသည်များကိပြန်လည်ဆွေးနွေးခဲ့ကြသည်။
    အဆိုပါအခမ်းအနားသို့ဌာနဆိုင်ရာများ၊အာမခံလုပ်ငန်းမှဝန်ထမ်းများ၊စိတ်ဝင်စားသူစီးပွားရေး လုပ်ငန်ရှင်များတက်ရောက်ခဲ့ကြောင်းသိရသည်။
မကွေး   မေ   (၂၆)
    မကွေးတိုင်းဒေသကြီး မကွေးခရိုင်ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၁၅) သင်တန်းကိုယနေ့နံနက် (၉း၀၀)နာရီအချိန်က မကွေးမြို့ အထက(၄)ခန်းမတွင်ကျင်းပပြုလုပ်သည်။
    အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကြည်စိန်က အဖွင့်အမှာစကား ပြောကြားသည်။
    အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးကော်မရှင်အဖွဲ့ဝင်များ၊နိုင်ငံရေးပါတီများ ပြင်ပ အရပ်အဖွဲ့အစည်း များ၊ တက်ရောက်ကြပြီး သင်တန်းသား/သူ (၁၀၀)ဦးခန့်ရှိပြီး တက်ရောက်ခဲ့ကြောင်းသိရသည်။
မင်းဘူး      မေ       ၂၈
    အနာဂတ်သာယာလှပဖို့ ကျောင်းနေအရွယ် ကလေးများ ကျောင်းအပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ မင်းဘူး(စကု)မြို့နယ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား မေလ(၂၈)ရက်နေ့ နံနက် (၉)နာရီအချိန်က မင်းဘူးမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မုခ်ဦးရှေ့တွင်ကျင်းပပြုလုပ်ရာ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် ဖဲကြိုးအား မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်တင်၊မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့် နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး သက်ထွန်း တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အခမ်းအနားအား အ-ထ-က(၂)ခန်းမတွင် ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။
    အခမ်းအနားတွင် ရှေးဦးစွာ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပညာရေးမှူး ဒေါ်အေးအေးမှ ကျောင်းအပ်နှံရေးနေ့နှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက်  ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် မင်းဘူး(စကု) မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းသား/သူများအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နှင့် တာဝန်ရှိသူများမှ ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်ပေးအပ်လှူဒါန်းပြီး အလှူရှင်များမှ ကျောင်းအပ်နှံရေးအလှူငွေနှင့်ပစ္စည်းများပေးအပ်လှူဒါန်းကာ အခမ်းအနားအားရုပ်သိမ်းခဲ့ပါသည်။
    အဆိုပါအခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)


မင်းဘူး       မေ      ၂၈
    အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အား လူထုလှုပ်ရှား မှုအသွင်းဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်(ယင်းမာ)အရ ၂၀၁၅-ခုနှစ် မေလ(၂၆)ရက်နေ့မှ ဇွန်လ(၂၆)ရက်နေ့ အထိ တစ်လတာ အထူးကာလအဖြစ် သတ်မှတ်လျက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မင်းဘူးမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ခန်းမတွင် မေလ(၂၈)ရက်နေ့ နံနက်(၁၀)နာရီခွဲ အချိန်က မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲ နှင့် ဓါတ်ပုံ၊နံရံကပ်စာစောင်ပြပွဲကိုကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်/ဆက်ဦးစီးအရာရှိ ဦးသန်းဌေးမှ မှုးယစ်ဆေးဝါးများ အကြောင်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားကာအခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
    ထို့နောက် အခမ်းအနားသို့တက်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများမှ ခန်းမအတွင်း ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအသိပညာပေး ဓါတ်ပုံများနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားကာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
သူရထွန်း
နတ်မောက်          မေ၂၇
မေလကုန်ဇွန်လပိုင်းတွင်အခြေခံပညာစာသင်ကျောင်းများဖွ့င်လှစ်တော့မည်ဖြစ်ရာအခြေခံပညာကျောင်းများ
အတွက်အင်္ကျီအဖြူနှင့်လုံချည်အစိမ်းများရောင်းအားကောင်းလျက်ရှိကြောင်းသိရသည်။"ကျောင်းဖွင့်တော့မှာ
ဆိုတော့သူငယ်တန်းအရွယ်ဝတ်ကနေဆယ်တန်းတွေအထိအဆင်သင့်ဝတ်နိုင်မယ့်ယူနီဖောင်းလေးတွေရယ်
မချုပ်ရသေးတဲ့အဖြူ၊အစိမ်းစတွေရယ်အများကြီးတင်ထားပါတယ်ရယ်ဒီမိတ်အ၀တ်အထည်တွေ
ကတော်တော်လေးရောင်းရပါတယ်အများစုကတော့ဝန်ထမ်းတွေဝယ်ကြပြီရုံးတစ်ပိုင်းဆိုတော့
သားသမီးတွေကိုသူတို့ကြိုက်တဲ့အ၀တ်နှစ်ထည်သုံးထည်လောက်ဝယ်ပေးကြတယ်
အခု မေလကုန်ဇွန်လပိုင်းလောက်ကျောင်းဖွင့်ချိန်ဆိုရင်တော့ကျောင်းဝတ်စုံတွေပဲအ၀ယ်များတယ်"
ဟုမြို့မဈေးအထည်အရောင်းသူတစ်ဦးမှပြောကြားကြောင်းသိရသည်။         လှဝင်း
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် သရက်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းစိန်ရတု ခန်းမ၌ ယနေ့နံနက် (၈း၃၀)နာရီတွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပခဲ့သည်။
    အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးထွေးမှီမှ ကျောင်းအပ်နှံရေးနေ့အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ ပညာရေး ၀န်ထမ်းများအနေဖြင့် ဆရာက အခရာ၊ ပညာက ရတနာဆိုသည်နှင့်အညီ ဆရာကျင့်ဝတ်နှင့်အညီ မိဘများနှင့် ပူးပေါင်းညှီနှိုင်း၍ ကလေးပညာရေး ကောင်းမွန်စေရန် စေတနာထား ဆောင်ရွက်ကြရန်နှင့် ကျောင်းဖွင့်စ ဇွန်လ ပထမပတ်တွင် မောင်မယ်သစ်လွင် ကြိုဆိုပွဲများ ကျင်းပပေးရန်ပြောကြားခဲ့သည်။
    ထို့နောက် ပညာရေးဝန်ကြီးဌာန ထောက်ပံ့သည့် ပုံနှိပ်စာအုပ်နှင့် ကျောင်းဝတ်စုံများ၊ ခရိုင်အုပ်ချုပ်ရေး မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ လှူဒါန်းသည့် ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊တို့ကို တိုင်းဒေသကြီးလွှတ်တော်ကို ယ်စာလှယ် ဒေါ်ယဉ်ယဉ်လှ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုခရိုင်တရားသူကြီး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌတို့မှ လှူဒါန်းရာ မြို့ပေါ် အလယ်တန်း၊မူလတန်း ကျောင်းအုပ်ဆရာ (၃)ဦးနှင့် ရွှေဘုံသာအ.မ.က၊ ရုံးရပ်၊ပြည်တော်အေးကျောင်းများမှ ကျောင်းသား/သူများက လက်ခံ၇ယူခဲ့ကြောင်းသိရသည်။
မင်းဘူး        မေ       ၂၇
    မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲဆိုင်ရာ အသိပညာ ပေး သင်တန်းဖွင့်ပွဲအခမ်းအနားအား မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် မေလ(၂၇)ရက်နေ့ နံနက်(၉)နာရီးက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးကြည်စိန်နှင့် အဖွဲ့ဝင်များ၊မင်းဘူးခရိုင်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ခရိုင်အတွင်းရှိမြို့နယ်များမှ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များနှင့် သတင်းမီဒီယာများ တက်ရောက်ကြပါသည်။
    အခမ်းအနားတွင် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌမှ အဖွင့်အမှာစကားပြောကြား ပြီး မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးမြင့်ဦး က ရွေးကောက်ပွဲဆိုင်ရာ များနှင့်ပတ်သက်၍ ဆွေးနွေးမှာ ကြားပါသည်။ထို့နောက် ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးတင်ခိုင်ဇော်မှ ရွေးကောက်ပွဲဆိုင်ရာများကို အသိပညာပေး ဆွေးနွေးတင်ပြပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြား ကာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

Wednesday, May 27, 2015

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း၊ ဒုတိယတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူး ယာယီ ရဲမှူးကြီး အောင်စိုးဝင်းတို့မှ ကြီးကြပ်၍ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့အတွင်းရှိ အရာရှိ/ အရာခံ/အကြပ် တပ်သားအဆင့် တပ်ဖွဲ့ဝင် (၂၈) ဦးတို့အား ၂ဝ၁၅-ခုနှစ်၊ ဗဟိုအဆင့် စံပြရဲ ရွေးချယ် ခံနိုင်ရေးအတွက် ကျန်းမာကြံ့ခိုင်မှု စစ်ဆေးခြင်းနှင့် တိုင်းအဆင့်စံပြရဲ ရေးဖြေစာမေးပွဲကို မကွေးမြို့၊ အ.လ.က-ခွဲ (ရဲကျောင်း)၌ ၂၃.၅.၂ဝ၁၅ ရက်နေ့ နံနက်(၉)နာရီမှ (၁၁)နာရီအထိ လည်း ကောင်း ၊ လူတွေ့စစ်ဆေးခြင်းကို မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ၂၄.၅.၂ဝ၁၅ ရက်နေ့ နံနက်(၉)နာရီမှ (၁၂)နာရီထိ လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။









Tuesday, May 26, 2015

၂၀၁၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့ နေ့လည် (၁၂) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ကွက်သစ်ရပ်ကွက်တွင် ဓါတ်လိုက်သေဆုံးကြောင်းသတင်းအရ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 ဖြစ်စဉ်အားစစ်ဆေးရာ မြို့သစ်မြို့၊ ကွက်သစ်ရပ်ကွက်နေ ဦးဘိုစံ(၅၅)နှစ်နှင့် ၄င်း၏ဇနီးဖြစ်သူ ဒေါ်စောရီ ၊ ချွေးမဖြစ်သူ မသဇင်ဝင်း၊ အလုပ်သမား ဇော်ဇော်အောင်၊ ဇင်ကိုတို့နှင့် အတူရှိနေစဉ် နေအိမ် ခြံဝန်း အတွင်း အသေးစားရေသန့်စက်ရုံ တည်ဆောက်ရန် အလုပ်လုပ်ကိုင်နေသည့် ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကစင်ကျေးရွာနေ အေးထွန်းအောင် (ခ) အသေးလေး၊ ၂၅နှစ်မှ တည်ဆောက် ၊ နေဆဲ ရေသန့်စက်ရုံအတွင်း နံရံသံတန်းများအား လျှပ်စစ်လွန်စက်ဖြင့် အပေါက်ဖောက် နေစဉ် ၄င်းလွန်စက်နှင့်ဆက်သွယ်ထားသည့် လျှပ်စစ်ဝါယာကြိုးအဆက်နေရာ အားဝဲလက်ဖြင့် ကိုင်မိ သဖြင့် ဓါတ်လိုက်ကာ ''အား၊ ကယ်ကြပါအုံး''ဟု အော်သံကြားသဖြင့် ဇင်ကိုမှ သွားရောက် ကြည့်ရှုရာ အေးထွန်းအောင် (ခ)အသေးလေး၏ ဝဲလက်မထိပ်နှင့် လက်ညိုးတို့၌ အပူလောင်ဒဏ်ရာများဖြင့် ပက်လက်လန်လဲကျနေသည်ကိုတွေ့ရှိရ သဖြင့် ဆေးရုံသို့ မြင်းလှည်းနှင့်ပို့ဆောင်စဉ် လမ်းတွင် သေဆုံး သွားသဖြင့် ၄င်းသေဆုံးခြင်းမှာဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်စစ်ဆေးနိုင်ရန် မြို့သစ်မြို့နယ်၊ မြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၄/၂ဝ၁၅)ဖြင့်ရေးဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။ 



၂၀၁၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့ ည (၁၁း၄၅) အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ တောင်တွင်းကြီးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဦးရဲကျော်၏ နေအိမ်၌ဖဲရိုက်လောင်းကစားပြုလုပ် နေကြောင်း သတင်းအရ တောင်တွင်းကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ တောင်တွင်းကြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ်(၁၃/၂ဝ၁၅) ဖြင့် ဦးရဲကျော်၏ လူမနေ ကျူးကျော် တဲအိမ်အား ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။

 တောင်တွင်းကြီးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဦးရဲကျော်၏တဲအတွင်း၌ တောင်တွင်းကြီးမြို့၊ အုန်းတော (၂)ရပ်ကွက်နေ လှမြင့်ကျော်(ခ)ကိုကျော်၊ ၄၅နှစ်၊ အုန်းတော(၁)ရပ်ကွက်နေ လှမင်းစိုး (၃၂)နှစ်နှင့် တစ် ရပ်ကွက်တည်းနေ မောင်ဦး(၅၂)နှစ်၊ ခိုင်ကြီး(၄၅)နှစ်၊ စိုးနိုင်(၄၂)နှစ် တို့(၅)ဦးအား ဖဲချပ် (၅၂)ချပ် ၊ ကြွေ ပန်းကန်ပြား(၁)ချပ်၊ ပုဆိုးဟောင်း(၁)ထည်နှင့် လောင်းကြေးငွေရောရာ ၃၃၉ဝဝိ/- တို့နှင့် အတူ တွေ့ရှိ သိမ်းဆည်းရမိသဖြင့် ဖဲရိုက်လောင်းကစားပြုလုပ်သူ လှမြင့်ကျော်ပါ(၅)ဦး အား တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်း(ပ)၁၈၄/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ၁၃(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။



၂၀၁၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေသတင်းစုံစမ်းနေစဉ် တမာပင် ရပ်ကွက်၊ ဘုန်းကြီးကျောင်းရှေ့လမ်းကြားအရောက်တွင် လူတစ်ဦးအား ယာယီ/၇၂၅ အမ်ဘို ၁၂၅ အနက်ရောင်ဆိုင်ကယ်နှင့်အတူတွေ့ရှိသဖြင့် မေးမြန်းခဲ့ကြောင်း သိရှိရသည်။ 

၎င်းမှာ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာနေ မင်းသူ(၂၄)နှစ်ဖြစ်ကြောင်းသိရှိရပြီး ၄င်းစီးလာသော ဆိုင်ကယ်နှင့် ပတ်သက်၍မေးမြန်းရာ ပိုင်ဆိုင်ကြောင်းအထောက်အထား တစ်စုံတစ်ရာပြောပြနိုင်ခြင်း မရှိသဖြင့် ဆိုင်ကယ်အားတစ်နေရာမှခိုးယူလာသည်ဟု မသင်္ကာသူ မင်းသူအား နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း(ပ)၆၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/၅၄အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။



၂၀၁၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့ နံနက် (၀၀း၃၀) အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့၊ ရန်အောင်မြင်ရပ်ကွက်၊ ကားဂိတ်တွင် မြရတနာ ကားဂိတ်အပါအဝင် ဆိုင်ခန်း(၇)ခန်း နှင့် ရန်အောင်မြင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး(၁)ရုံးတို့အား မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ ပါသည်။

 ဖြစ်စဉ်မှာ နတ်မောက်မြို့၊ ရန်အောင်မြင်ရပ်ကွက်၊ ကားဂိတ်ရှိ နတ်မောက်မြို့၊ ရန်အောင်မြင် ရပ်ကွက်နေ မသိင်္ဂီ (၄၇)နှစ်၏ ဆံပင်အလှပြုပြင်ရေးဆိုင်အတွင်းရှိ ထမင်းပေါင်းအိုး၊ ပန်ကာနှင့် လျှပ်စစ်ပစ္စည်းများ အပူလွန်ကဲရာမှ ကားဂိတ်အပါအဝင် ဆိုင်ခန်း(၇)ခန်း နှင့် ရန်အောင်မြင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး (၁)ရုံးတို့အား မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နတ်မောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်နှင့် အဖွဲ့၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကူးမားဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစောမောင်ပါ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများမှ ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ ဝဝ၄၅ အချိန် မီးညွှန့်ကျိုးသွားပြီး ဝ၁၃ဝ အချိန် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် တန်ဘိုး ၉၉ဝဝဝဝိ/-ခန့် ဆုံးရှုံးခဲ့သဖြင့် လျှပ်စစ်မီး ပေါ့ဆစွာအသုံးပြုသူ မသိင်္ဂီအား နတ်မောက် မြို့နယ်၊ မြို့မရဲစခန်း(ပ) ၆၆/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။ 



၂၀၁၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ချောက်မြို့၊ အမှတ်(၁၅)ရပ်ကွက်၊ စံပြမြို့သစ်ရပ်(တောင်ပိုင်း)တွင် နေအိမ်မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

 ဖြစ်စဉ်မှာ ချောက်မြို့၊ အမှတ် (၁၅)ရပ်ကွက်၊ စံပြမြို့သစ်ရပ် (တောင်ပိုင်း)နေ ဒေါ်ဝင်း(၅၈)နှစ်၏ (၃)ပင်၊ ပတ်လည်ထန်းရွက်မိုး၊ ထရံကာမြေစိုက်နေအိမ်အား နေအိမ်မီးဖိုမီးကြွင်းမီးကျန်မှ မီးစတင် လောင်ကျွမ်း ခဲ့ရာ ချောက်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ချောက်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များ၊ ရပ်ကွက်သူ/သား(၅ဝ)ဦးတို့ဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ၁ဝ၁ဝ အချိန် မီးလုံးဝငြိမ်းသွားပြီး မီးလောင် မှုကြောင့် တန်ဘိုး ၃၆ဝဝိ/-ခန့်ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်ဝင်းအား ချောက်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၉၄/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။



Monday, May 25, 2015



ဆိပ်ဖြူ     မေ      ၂၄
    မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် လက်ဆည်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် အသစ်တည်ဆောက်သည့် စာသင်ခန်းသုံး ခန်းပါ ပေ ၉၀၊ပေ ၃၀ အာရ်စီတစ်ထပ် ကျောင်းဆောင်သစ်ကို တင်ဒါရ မြခိုင်မာ ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
    အဆိုပါ ကျောင်းဆောင်သစ် တည်ဆောက်ပြီးစီးသောကြောင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူများ ကျောင်းဆောင်သစ်တွင် ပညာသင်ကြားနိုင်မည်ဖြစ်ပြီး ကျောင်းဆောင်သစ် ကို ငွေကျပ်(၄၈၆)သိန်း ကုန်ကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဆိပ်ဖြူမြို့နယ်တွင် အလားတူ  ကျောင်းဆောင်သစ်များ မယ်ဇလီကွေ့ကျေးရွာနှင့် ညောင်ဂွေးဝကျေးရွာအခြေခံပညာအထက်တန်း ကျောင်းများတွင်လည်း
 ကျောင်းဆောင်သစ်များ ဆောက်လုပ်ပြီးစီးနေပြီဖြစ်၍ ဒေသခံ ပြည်သူများက မိမိတို့မျှော်မှန်းထားသည်ထက်အရည်အသွေးမြင့်ပိုမိုကောင်းမွန်သော ကျောင်းဆောင်သစ်များ
 ဆောက်လုပ်ပေးသည့်အတွက် အထူးကျေးဇူးတင် ၀မ်းမြောက်လျက်ရှိကြကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)

ဂန့်ဂေါ မေ ၂၄
    ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းကျေးရွာသည် ဂန့်ဂေါမြို့၏ မြောက်ဘက် ခရီးမိုင် ၄၀ ကျော်အကွာအဝေး တွင်ရှိ၍ ဂန့်ဂေါ- ကလေး၊ ကားလမ်းနှင့် ရထားလမ်းပေါ်တွင်ရှိသည်။ တောင်ခရမ်းရေလှောင်တမံရှိသဖြင့်  လယ်ယာချောင်းမြောင်းပေါများကာ စပါးအပြင် အခြားသီးနှံများကို သီးထပ်၊ သီးညှပ်များအဖြစ် စိုက်ပျိုးနိုင်ကြ သည်။ တောင်ခင်ရန်းကျေးရွာတွင် အိမ်ခြေ ၆၀၀ ကျော်ရှိ၍ ပတ်ဝန်းကျင်ကျေး ရွာများပြားသဖြင့် လူသိများ သော ကျေးရွာတစ်ရွာဖြစ်ကာ လူမှုစီးပွါးများ တိုးတက်လျှက်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။
    တောင်ခင်ရန်းကျေးရွာရှိ သုတစွယ်စုံစာကြည့်တိုက်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၀၀ ပြည့်နှစ်ကဖွင့်လှစ်ခဲ့သည်။ ကျေးရွာရုံးဝင်းအတွင်း ထရံကာ၊ ပျဉ်ခင်း၊ သက်ကယ် မိုးဖြင့် ဆောက်လုပ်ထားသည်။အဆိုပါစာကြည့်တိုက်သည်ရွာဦးဘုန်းတော်ကြီးကျောင်း၊ ကျေးရွာဆက်
သွယ်ရေးရုံး၊ အထက်တန်းကျောင်း(ခွဲ)တို့ အနီးတွင်ရှိပြီး စာကြည့်တိုက်စတင်ဖွင့်လှစ်သည်မှစ၍ စာကြည့်တိုက်တွင် စာအုပ် ဌားရမ်းဖတ်ရှုနိုင်ကာ စာအုပ်လှူဒါန်းသည်များကိုလည်း လက်ခံဆောင်ရွက်လျှက်ရှိသည်။
    စာကြည့်တိုက်ကော်မတီသည် စာအုပ်စာပေ လှူဒါန်းသူများအား ဂုဏ်ပြုလွှာပေးအပ်ခြင်း၊ ဆောင်းပါး ပြိုင်ပွဲနှင့် စာပေဆိုင်ရာပြိုင်ပွဲများကျင်းပ၍ ဂုဏ်ပြုလွှာများပေးအပ်ခြင်းတို့ကို နှစ်စဉ်ဆောင်ရွက်ပေး လျှက်ရှိသည့် အပြင် ၂၀၁၁ ခုနှစ်မှစ၍ စကားရည်လုပြိုင်ပွဲကိုပါ ကျင်းပခဲ့ပါသည်။
    ယခုနှစ် စကားရည်လုပြိုင်ပွဲကို မေ ၂၁ ရက်က ရွာဦးကျောင်းဓမ္မာရုံ၌ကျင်းပရာ ‘’စာဖတ်ခြင်းသည် အင်တာနက် သုံးစွဲခြင်းထက် ပို၍ကောင်းသည် ‘’ ခေါင်းစဉ်ဖြင့်ယှဉ်ပြိုင်ကြရာ စာဖတ်ခြင်းအဖွဲ့က အနိုင်ရရှိပြီး တာဝန်ရှိသူများက ပြိုင်ပွဲဝင်များအား ဆုများချီးမြှင့်ကြပါသည်။
    တောင်ခင်ရန်းရွာ သုတစွယ်စုံ စာကြည့်တိုက်သည် စာအုပ်ငှားရမ်းခြင်းဖြင့် စတင်ခဲ့၍ စာကြည့်တိုက် တာဝန်ကို ပို၍ပို၍ ထမ်းဆောင်လျှက်ရှိသည့် စာကြည့်တိုက်ဖြစ်သည့်အားလျှော်စွာ ပို၍ပို၍ အောင်မြင်သော စာကြည့်တိုက်ဖြစ်ပါစေကြောင်းနှင် လူသားများအတွက် သုတ၊ ပညာ ၊ ရသများ ပိုမိုပေးစွမ်း နိုင်ပါစေကြောင်း ဆုမွန်ပြုလိုက်ရပါသည်။
၂၀၁၅ ခုနှစ်၊ မေလ ၂၄ ရက်နေ့ နံနက်(၀၈း၃၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ မဒင်းကျေးရွာနေသူ မလဲ့လဲ့ဖြိုး(၂၈)နှစ်သည် ရွာမြောက်ဘက် (၁)မိုင်ခန့်အကွာရှိ ယာခင်း တွင် ခင်ပွန်းဖြစ်သူ ကိုနေနိုင်ထွန်းနှင့် ဖခင်ဖြစ်သူ ဦးလှရှိန်လေး (၆၃)နှစ် တို့နှင့်အတူ ပဲတီစိမ်းစိုက် ပျိုးနေစဉ် မလဲ့လဲ့ဖြိုး၏ အစ်ကိုဝမ်းကွဲတော်စပ်သူ တစ်ရွာတည်းနေ အေးလွင် (၂၉)နှစ် ရောက်ရှိလာပြီး ယာခင်းတွင် ပဲတီစိမ်းစိုက်သည့် ကိစ္စအား မေးမြန်းကာ ထွက်သွားပြီး ဦးလှရှိန်လေးမှာလည်း ယာကွက် ၏ မြောက်ဘက်သို့ နွားမောင်းရန် ထွက်သွားစဉ် ဦးလှစိန်လေး ၏ ညီအရင်းဖြစ်သူ တစ်ရွာတည်းနေ ဦးစိန်ဝင်း (၅၆) နှစ်နှင့် ဦးစိန်ဝင်း၏ သားဖြစ်သူ ကျော်လွင် (၂၆)နှစ် တို့သည် အရိုး(၁၀)လက်မ၊ အသွား (၁၅)လက်မ၊ ဗျက်(၂.၅) လက်မခန့်ရှိ ဓါးမ(၁)ချောင်းစီ ကိုင်ကာ ““မစိုက်နဲ့အခုရပ်””ဟု ဟန့်တားပြောဆို ကြိမ်းမောင်းကာ ဦးလှရှိန်လေး ရှိရာဘက်သို့ ထွက်သွားသဖြင့် မလဲ့လဲ့ဖြိုးသည် ခင်ပွန်းဖြစ်သူနှင့် အတူ နောက်မှလိုက်ကြည့်ရာ ယာကွက်၏ မြောက်ဘက် (၂)ဖာလုံခန့်အကွာ တောင်ကုန်း(၂)ခုကြားရှိ လှည်းလမ်းတွင် ဦးလှရှိန်လေးအား နောက်စေ့တွင် (၆)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက် ရရှိသေဆုံး နေ သည်ကို တွေ့ရှိရပြီး ဦးစိန်ဝင်း၊ အေးလွင်နှင့် ကျော်လွင်တို့ သားအဖ ၃ ဦးသည် ဓါးကိုယ်စီကိုင်ပြီး ရွာဘက်သို့ ပြန်သွားသည်ကို တွေ့မြင်ရသဖြင့် ဦးစိန်ဝင်းပါ(၃)ဦးအား အရေးယူပေးရန် ၂၄.၅.၂၀၁၅ ရက်နေ့တွင် မလဲ့လဲ့ဖြိုးမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် သရက်မြို့နယ်၊ မြို့မရဲစခန်း(ပ) ၆၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။





မင်းဘူး     မေ      ၂၁
    မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖုန်းမော်ရွှေသည် ယနေ့မွန်းတည့် ၁၂ နာရီက မင်းဘူး(စကု) မြို့နယ် မကျီးသုံးပင်ကျေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့်အလှူရှင်များပူးပေါင်း၍ ကျေးရွာအရောက် ကျန်းမာရေးစောင့်ရှောက်မှု နယ်လှည့် အခမဲ့ ဆေးကုသခြင်းကို တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မင်းဘူးခရိုင်နှင့်မြို့နယ်မှတာဝန်ရှိသူ များနှင့်အတူ ကြည့်ရှုအားပေးခဲ့သည်။
    ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် မင်းဘူး(စကု)မြို့နယ် မကျီးသုံးပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် တိုင်းဒေသကြီးဖောင်ဒေးရှင်း၊တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့်အလှူရှင်များပူးပေါင်း၍ ဆေးကုသပေးနေသော အဖွဲ့ခေါင်းဆောင် ဒေါက်တာ သန်းဦးနှင့်ဆရာဝန် ၊ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး ဆေးလာရောက် ကုသ သော မကျီးသုံးပင်ကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင်မှကျေးရွာသူ၊ ကျေးရွာသားများအား တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မကျီးသုံးပင် အလယ်တန်းကျောင်းခွဲ မှဆရာ/ဆရာမများ အတွက် ကျောင်းဝက်စုံများနှင့်အဌမတန်းသို့တက်ရောက်မည့် ကျောင်းသား/ကျောင်းသူ များအတွက် သင်ထောက်ကူပစ္စည်းဖြစ်သော ကွန်ပါဘူးနှင့်ဗလာစာအုပ်များကို ပေးအပ်ခဲ့သည်။
    တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်မှ ကျေးလက်လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ကျန်းမာရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ကျေးရွာအရောက် ကွင်းဆင်း၍ အစိုးရမဟုတ်သော လူမှုရေးအသင်းအဖွဲ့များ၊အလှူရှင်များနှင့်ပူးပေါင်ကာ အခမဲ့ ဆေးကုခြင်းများကို လအလိုက် စီမံချက်များချမှတ် ဆောင်ရွက်လျက်ရှိရာ(၂၁.၅.၂၀၁၅)ရက်နေ့မှ (၃၀.၅.၂၀၁၅)ရက်နေ့ထိ စုရပ်ကျေးရွာအုပ်စုအသီးသီးတွင် အခမဲ့ကုသဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယနေ့ ဆေးကုသသည့် မကျီးသုံးပင်ကျေးရွာတွင် လူနာပေါင်း(၈၀၀)ကျော်အား အခမဲ့ ဆေးကုသပေးခဲ့ ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)


မကွေး    မေ     ၂၃
    မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေ ၊အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီး သို့သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ပညာရေး၊ကျန်းမာရေး၊စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများ၊လမ်း/တံတား တည်ဆောက်ပြုပြင်ထိန်းသိမ်းရေးနှင့်သောက်သုံးရေရှားပါး ခက်ခဲသည့် မြို့နယ် /ရပ်ကွက်/ ကျေးရွာများသို့ အချိန်မီ ဖြည့်ဆည်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
    ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေသည် တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးအောင်နိုင်၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ မကွေးခရိုင်၊ မြို့သစ်မြို့နယ်နှင့် နတ်မောက်မြို့နယ်များ အတွင်း ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို မေ ၁၉ ရက်နေ့က ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြို့သစ်မြို့နယ် ယင်းချောင်းတံတားသို့ နံနက် ၉ နာရီတွင်ရောက်ရှိပြီးယင်းချောင်းတံတားပေါ်မှ
 ချောင်းရေစီးဆင်းမှု၊တံတားကြံ့ခိုင်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီး အင်ဂျင်နီယာမှူးမှတံတားအားရေတိုက်စားမှုမရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ
၊ရေလမ်းကြောင်းလွှဲရန်အတွက်ရေလမ်းကြောင်းရွေးချယ်မှု၊တံတားကြံ့ခိုင်မှု တို့ကိုအသေးစိတ်တင်ပြခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်မှလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော်မတီ၊ စည်ပင် သာယာရေးကော်မတီဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ရပ်မိရပ်ဖများနှင့်တွေ့ဆုံကာ မြို့သစ်မြို့နယ် အတွင်း ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်မည့် ပညာရေး၊ကျန်းမာရေး၊စိုက်ပျိုးရေးလုပ်ငန်း များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပြီး တင်ပြချက်များအပေါ် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေသည် နတ်မောက်-စိုင်ကောင်း ကားလမ်း မြေသားလမ်း ပျက်စီးနေမှုကို ကြည့်ရှုစစ်ဆေးပြီးပျက်စီိးနေသည့်လမ်းပိုင်းအား အမြန်ဆုံးပြုပြင်နိုင်ရေး တာဝန်ရှိသူများအားမှာကြားပြီး နေ့လည် ၁ နာရီတွင် နတ်မောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်မ၌ ကော်မတီ(၃)ရပ်မှကော်မတီဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများနှင့်တွေဆုံရာတွင် ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ လူမှုရေး၊စီးပွားရေးအခြေအနေနှင့် ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်မြို့နယ်အတွင်း ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးအခြေအနေများကိုတင်ပြခဲ့သည်။ ၄င်းနောက် တိုင်းဒေသ ကြီးဝန်ကြီးချုပ်မှ သက်ဆိုင်ရာကော်မတီများ၏ တင်ပြချက်များအား တိုင်းဒေသ ကြီးအဆင့်ဌာနဆိုင်ရာများ နှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နတ်မောက်မြို့နယ် ဆည်ကြီးကျေးရွာအုပ်စု အတွင်းရှိ ခရိုင်ချင်းဆက်လမ်းအားကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား အမြန်ဆုံး  ပြီးစီးရေးအတွက် ဌာနဆိုင်ရာများနှင့်ညှိနှိုင်းပေးခဲ့သည်။ဆက်လက်၍ နတ်မောက်-မကွေးကား လမ်းတစ်လျှောက်ရှိ စပါးစိုက်ခင်းများ၊မြေပဲစိုက်ခင်းများ၊ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လျှော်ဖြူပင် စိုက်ပျိုးအောင်မြင်နေမှု၊ မေ ၁၇-၁၈ ရက်နေ့များတွင် စိုက်ပျိုးရေရရှိအောင်ရွာသွန်းခဲ့၍ နှမ်းစိုက်ပျိုးရန် ထွန်ယက်လုပ်ကိုင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးအားပေးခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

  ဆင်ပေါင်ဝဲ  မေ ၂၄
               ဆင်ပေါင်ဝဲမြို့၌ အရန်မီး သတ် တပ်ဖွဲ့ဝင်များ တူညီဝတ်စုံ ထောက်ပံ့ပေး အပ်ပွဲကို  မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေး ခန်းမတွင် ယနေ့ နံနက် (၁၀: ၀၀ ) က ကျင်းပသည်။           အခမ်းအနားသို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင် နှင့် ဌာန ဆိုင်ရာများ ၊ရပ်ကွပ် /ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများ၊ လူမူရေး အသင်းအဖွဲ့များ ၊အရန်မီးသတ်တပ်ဖွဲ့ ၀င်များ၊
 ပြည်သူများ တက်ရောက်ကြသည်။
                  အခမ်းအနားတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်လွင် က အဖွင့်အမှာ စကား ပြောကြားပြီး တာဝန်ရှိသူအသီးသီးက  မြို့နယ်တွင်းရှိ ကျေးရွာအုပ်စု(၁၇ ) စု၊ ကျေးရွာ(၅၂)ရွာရှိ အရန်မီးသတ် တပ်ဖွဲ့ ၀င်များအား အရန်မီးသတ်တူညီဝတ်စုံ (၂၈၇) စုံကို ထောက်ပံ့ ပေးအပ်ကြကြောင်း သတင်းရရှိသည်။
                                    မျိုးမျိုး (ဆင်ပေါင်ဝဲ)
                                                  
တောင်တွင်းကြီး            မေလ      ၂၃
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့မောင်းတိုင် ၂ ရပ်ကွတ်အတွင်းရှိ ရွှေတောင်မင်းကန်ကြီးမှာ ယခုအခါသဲနုန်းများကြောင့် တိမ်ကောပြီးကန်ပေါင်များနိုမ်ကျွန်နေသဖြင့် သတ်မှတ်ပေအထိရေ သိုလှောင်နိုင်စွမ်းမရှိတော၍နွေရာသီတွင်ရေများခန်းခြောက်လာရာရပ်ကွတ်နေပြည်သူများ သောက်သုံး
ရေအခတ်အခဲများကြုံတွေနေရသည့်အတွက်မြို့နယ်ဆည်မြောင်ဦးစီးဌာနမှစက်ယန္တရားကြီးဖြင့် တူဖော်ဆောင်ရွက်လျှက်ရှိသည်။
            ကန်တူးဖော်ခြင်းလုပ်ငန်းခွင်သို့ တိုင်းဒေသကြီးလွတ်တော်ဒုတိယ ဥက္ကဌဦးစောဝင်းမောင် လူမှုရေးဝန်ကြီးဦးအောင်ကျော်မင်း တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးကြည်သိန်းl မြို့နယ်အထောက်အကူပြုကော်မတီနှင့်ရပ်ကွတ်အုပ်ချူ ပ်ရေးမှူးဦးဌေးငွေတိုလိုက်ပါလျှက်မေလ ၂၂ ရက်
ညနေ ၆ နာရီကကန်တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုကြည်ရှုစစ်ဆေး ကာဒေသခံပြည်သူများ၏လိုအပ်ချက်များကိုကူညီဖြည့်စီးပေးခဲ့သည်။အဆိုပါကန်မှာအလျား ၃၀၀ပေlအနံ ၃၀၀ ပေရှိပြီးတူးဖော်ခြင်းလုပ်ငန်းများမကြာမှီပြိးစီးတောမည်ဖြစ်၍မောင်တိုင် ၂ ရပ်ကွတ်မှအိမ်ခြေ ၅၀၀ ကျော်လူဦးရေ၂၀၀၀ ကျော်တိုမှာနောင်လာမည်နှစ်များတွင်သောက်သုံးရေများလုံလောက်စွာရှိ
တောမည်ဖြစ်ကြောင်းသိရသည်။

                                                     နိုင်ဝင်း



နတ်မောက်              မေ၂၅
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့ရန်အောင်မြင်ရပ်ကွက်ရှိကားဂိတ်၊ဆိုင်ခန်းများနှင့်ရန်အောင်မြင်ရပ်ကွက်
အုပ်ချုပ်ရေးမှူးရုံးများအားမေ၂၅ရက်ည၁၂နာရီခွဲအချိန်တွင်မီးလောင်မှုဖြစ်ပွားသည်။ ရန်အောင်မြင် ရပ်ကွက်ရှိမြရတနာကားဂိတ်၊ရေဒီယိုကက်ဆက်နှင့်ဗွီဒီယိုပြုပြင်ဆိုင်၊(NEW. STYLE) ဆံပင်ပြုပြင်ဆိုင်၊ မသိင်္ဂိ(ဆံပင်အလှပြင်ဆိုင်)၊လဲဘူးထမင်းဆိုင်၊သံပန်းသံတံခါးဆိုင်၊ဆိုင်ကယ်ပြုပြင်ရေးဆိုင်နှင့်
ရန်အောင်မြင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့ရှိဆိုင်ခန်းများ၏ဆိုင်တစ်ဆိုင်မှမီးလောင်မှုစတင်ဖြစ်ပွားပြီး
အခင်းဖြစ်နေရာသို့မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်စခန်းမှမီးသတ်ဦးစီးမှူးနှင့်
အဖွဲ့ဝင်များ၊မြို့နယ်အထောက်အကူပြုအဖွဲ့များနှင့်မီးသတ်ယာဉ်(၆)စီး၊မြို့မကွက်သစ်ရပ်ကွက်အရန်
မီးသတ်ရေယာဉ်(၁)စီး၊မြို့နယ်စည်ပင်မှရေသယ်ယာဉ်(၁)စီး၊မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်
ရပ်ကွက်နေပြည်သူများဝိုင်းဝန်း၍မီးငြိမ်းသတ်ခဲ့ရာည၁၂နာရီ၄၅မီနစ်အချိန်တွင်မီးညွှန့်ကျိုးပြီးည၁နာရီ
၁၅မီနစ်အချိန်တွင်ဆိုင်ခန်းများအားလုံးမီးငြိမ်းသတ်မှုပြီးစီးကြောင်းသိရသည်။
လှဝင်း


ချောက်            မေ    ၂၄    ရက်
    ချောက်၊လမ်းရွာ ရေနံမြေ နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော Gold Petrol ရေနံကုမ္ပဏီ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေး CSR (Corporate Social Responsibility )၏ ချောက်မြို့အမှတ် (၁)၊(၂)၊(၃)၊(၄) ရပ်ကွက်များ မြို့ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ၊ အဆိုပါရပ်ကွက်ရှိပြည်သူများ နှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က ချောက်မြို့ ၊ အမှတ် (၂) ရပ်ကွက်ရှိ အလယ်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
    အဆိုပါအခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ( စီမံ ) ဦးမြင့်ဇော် တက်ရောက်ပြီး မြို့ရေပေးဝေရေးလုပ်ငန်း နှ င့် ပတ်သက်၍ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် ချောက်၊လမ်းးရွာ ရေနံမြေ အထွေထွေမန်နေဂျာ ဦးကရင်နော်အောင် က အမှတ် (၂) ရပ်ကွက် တွင် ၁၈`× ၁၈`ရှိ ပွန်တွန်းတည်ဆောက်ခြင်း  ၊ ပွန်တွန်းအတွက် 160KVA ထွန်စဖော်မာ တပ်ဆင်ပေးခြင်း ၊ 11KVA ဓာတ်အားလိုင်းများသွယ်တန်းပေးခြင်း ၊  160KVA မှ ပွန်တွန်းထိ 440v မီးလိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်မှု ၊ Cortorl Panel Unite များထိုင်ရန်အတွက် Pump House တည်ဆောက်ခြင်းလုပ်ငန်း KSB (၂) ထပ်ပန့် နှင့် မော်တာ (၁) လုံး ၊ ပွန်တွန်းပေါ်တွင် တပ်ဆင်ခြင်းလုပ်ငန်းကို ကျပ်သိန်းပေါင်း ၄၇၀ ကျပ်ဖြင့် ဆောင်ရွက်ထားရှိမှုများ ရှင်းလင်းခြင်း ၊ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက် မှ ပွန်တွန်းမှ ရေဂါလန် (၅၀၀၀) ဆန့် ရေကန် (၁)လုံးသို့ ၆ လက်မ အကျယ် GI  ပိုက် ရေတင်ပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း  အမှတ် (၁) ရပ်ကွက် အောင်မင်္ဂလာကုန်းတွင် ဂါလန် (၅၀၀၀) ဆန့် ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း ၊ ဂါလန် (၅၀၀၀) ဆန့်ရေစုကန်မှ အမှတ် (၁) ၊(၂)၊ (၃) ရပ်ကွက်များသို့ ရေဖြန့်ဝေရန် ၆လက္မ အကျယ် GI ပိုက် ဖြင့် ရေဖြန့်ဝေရေး ၊ ရေဝေလိုင်း ၃၀၀၀ ပေ အရှည် ပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများ ကို ကျပ်သိန်းပေါင်း ( ၁၁၅၀ ) ကုန်ကျခံ တည်ဆောက်ထားမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်းသိရှိရသည်။
    ၎င်းနောက် တက်ရောက်လာကြသူများမှ အဆိုပါမြို့ရေပေးဝေရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြ ချက်များအားစွမ်းအင်ဝန်ကြ၊ီးဌာန၊ ပြည်ထောင်စုဒုတိယ၀န်ကြီး နှင့်အဖွဲ့တို့မှ ပြန်လည်ရှင်းလင်းဖြေကြားပေး
ခဲ့သည်။ ထို့နောက် ပြည်ထောင်စု ဒုတိယ၀န်ကြီး နှင့် အဖွဲ့သည် ပွန်တွန်းအတွက် 160KVA တပ်ဆင်ခြင်းလုပ်ငန်း နှင့် ဧရာဝတီမြစ်တွင်း Control Panel Unit မှ ရေတင်နေမှု ၊ အမှတ် (၁) ရပ်ကွက် အောင်မင်္ဂလာကုန်းတွင် ဂါလန် (၅၀၀၀) ဆန့်ရေစုကန်တည်ဆောက်
ထားမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ စွမ်းအင်ဝန်ကြီးဌာန ၊ ချောက်၊လမ်းရွာ ရေနံမြေ အထွေထွေမန်နေဂျာ ဦးကရင်နော်အောင် နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးထင်အောင် တို့က လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
    ဆက်လက်၍ ပြည်ထောင်စု ဒုတိယ၀န်ကြီး နှင့် အဖွဲ့သည် ချောက် မြန်မာရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ရေနံဆေးရုံသို့ နံနက် ( ၁၀ )နာ ရီ အချိန်ရောက်ရှိကာ ဆေးရုံအတွင်း တိုးချဲ့တည်ဆောက်မည့် ၆၀ `× ၃၀`× ၁၂` တစ်ထပ်လူနာဆောင် ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ချောက်မြို့ ရေနံဆေးရုံ သို့ CSR အစိအစဉ်ဖြင့် Gold Petrol မှ လှူဒါန်းသော ၂၉.၅ သိန်း တန်ဖိုးရှိ CORALAB 3000 ကျန်းမာရေးစစ်ဆေးစက် တပ်ဆင်ထားမှုအား ကြည့်ရှ့စစ်ဆေးခဲ့ပြီး ဆေးရုံအုပ်ကြီး နှင့် ၀န်ထမ်းများတွေ့ဆုံ၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

    ပခုက္ကူ မေ ၂၃ ရက်
          ပခုက္ကူမြို.နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ.ခွဲများနှင့်ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ.ခွဲများမှ ရပ်ကွက်/ကျေးရွာ ဥက္ကဌများနှင့်အတွင်းရေးမှုးများ လုပ်ငန်းညှိနှိုင်းအစည်းဝေးပွဲကို မေ ၂၃ ရက် နံနက် ၁၀ နာရီကမြို.နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပခဲ့သည်။
           ရှေးဦးစွာမြို.နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲခွဲဥက္ကဌ ဦးလှရွှေကအဖွင့်အမှာစကားပြောကြားခြင်း၊မြို.နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ.ခွဲအတွင်းရေးမှုး ဦးကျော်စိုးထင်က မဲစာရင်းပြုစုခြင်း၊ မဲရုံအခြေနေများ၊မဲစာရင်းကပ်ခြင်း၊နယ်မြေခွဲခြားခြင်း၊ မဲရုံတည်ဆောက်ထားရှိမှုနှင့်ရှေးလုပ်ငန်းစဉ်များကိုအကျယ်တဝင့်ရှင်းလင်းပြော
ကြားခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
                                                                                         ဥာဏ်တိုး(iprd)

Find Us on Facebook

Popular Posts

Video