Sunday, May 31, 2015
2:23 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
အောင်လံ မေ ၃၀
အောင်လံမြို့နယ် အင်းကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်၇၆ (ခ)၊ ဦးပိုင်အမှတ်(၁၆၁) တောင်သူ ဦးမြင့်ကြိုင်၏(၂၀၁၄-၂၀၁၅)နွေစပါးကွင်းတွင် မေလ(၃၀)ရက်နေ့ နံနက် (၈း၀၀)နာရီအချိန်က စက်မှုလယ်ယာဦးစီးဌာနမှ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စံကွက်သရုပ်ပြ ရိတ်သိမ်းခဲ့သည်။
ယင်းစံကွက်ရိပ်သိမ်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့် မြို့နယ်အထောက်အကူပြုအဖွဲ့ဥက္ကဌ ဦးကံထွန်းနှင့် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများစက်မှုလယ်ယာ ဦးစီးဌာနမှဝန်ထမ်းများ ပတ်ဝန်းကျင် ကျေးရွာအုပ်စု(၅)အုပ်စုမှတောင်သူများ တက်ရောက်ခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဖေ (ပုံ) မှ စံကွက်ရိတ်သိမ်းရခြင်း၏ရည်ရွယ်ချက် အထွက်နှုန်းမိတ်ဖက်များ၏ အားသာချက်/အားနည်းချက် နှင့် စက်ဖြင့်ရိတ်
သိမ်းခြွေလှေ့ရခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အဆိုပါစံကွက်အား စက်ဖြင့်ရိတ်သိမ်းရာတွင်(၂၁၇.၁၉)တင်း ထွက်ရှိခဲ့ကြောင်း သတင်းရရှိသည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment