Monday, June 1, 2015

၂၀၁၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့ နေ့လည် (၁၂) နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြတ်လေးကုန်းအုပ်စု၊ ရွှေညောင်ပင်ကျေးရွာအနီးတွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်း အရ ဒန့်ဒလွန်ပင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်အားစစ်ဆေးရာ ၃၁.၅.၂ဝ၁၅ ရက်နေ့ နံနက် (၁ဝး၄၅) အချိန်ခန့်တွင် တောင်တွင်းကြီးမြို့နယ်၊ ရှမ်းကိုင်းကျေးရွာနေ လင်းလင်း(၂၄)နှစ်သည် တစ်ရွာတည်းနေ ခိုင်စိုးလင်း(ခ)ဒိုးကြီး၊ ၁၉နှစ်၊ ခင်မောင်ထူး (၃ဝ)နှစ်တို့နှင့်အတူ ရှမ်းကိုင်ရွာ၏မြောက်ဘက် မြို့သစ်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ၏ အနောက်တောင် (၄)ဖာလုံခန့်ရှိ တောထဲတွင် နွားကျောင်းနေကြကြောင်း၊ လင်းလင်း၏အစ်ကိုဖြစ်သူ ခင်မောင်သန်းသည် ၄င်းတို့အနီးရှိ ယာခင်းတွင် ထွန်ယက်ပြီးနောက် ရွာသို့ ပြန်သွားစဉ် မိနစ် (၂ဝ)ခန့် အကြာတွင် ခင်မောင်ထူးသည် ခင်မောင်သန်း၏ နေအိမ်သို့ရောက်ရှိလာပြီး ခိုင်စိုးလင်း(ခ) ဒိုးကြီးနှင့် လင်းလင်းတို့ စနောက်ပြောဆိုရာမှ စကားများရန်ဖြစ်နေကြကြောင်း ပြောပြသဖြင့် ခင်မောင်သန်းသည် သွားရောက် ကြည့်ရှုရာ ညီဖြစ်သူ လင်းလင်းအား ခိုင်စိုးလင်း(ခ)ဒိုးကြီးမှ အသင့်ပါလာသော အရိုး(၆) လက်မခန့်၊ အသွား (၁၈)လက်မခန့်၊ ဗျက်(၂)လက်မခန့်ရှိ ကိုင်းခုတ်ဓါးဖြင့်ခုတ်ရာ လင်းလင်း၏ ဂုတ်ပိုး တွင် အကျယ် (၅)လက်မ၊အနက်(၃)လက်မခန့် ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံး နေသည် ကို တွေ့မြင်ခဲ့ ရကြောင်း၊ ခင်မောင်သန်းမှ ရွာသို့ပြန်ပြီး ဖခင်ဖြစ်သူ ဦးခင်မောင်မြင့်(၅၅)နှစ်အား သွားရောက်ပြောပြသိရှိရသည်။

 သားဖြစ်သူ လင်းလင်းအား ဓါးဖြင့်ခုတ်သူ ခိုင်စိုးလင်း(ခ)ဒိုးကြီးအား အရေးယူပေးရန် ၃၁.၅.၂ဝ၁၅ ရက်နေ့တွင် ဦးခင်မောင်မြင့်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြို့သစ်မြို့နယ်၊ ဒန့်ဒလွန်ပင်နယ်မြေ ရဲစခန်း(ပ)၁ဝ/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video