၂၀၁၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့ နေ့လယ်(၁၂း၅၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကျောက်စောင်းကျေးရွာတွင် မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ် ၃ လုံး မီးလောင် ဆုံးရှုံး ခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ဦးစိန်မြသန်း(၇၂)နှစ်၏ (၄)ပင်ပတ်လည်၊ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်းနေအိမ် မီးဖို ဆောင်ရှိ မီးကြွင်းမီးကျန်မှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ်အရှေ့ဘက် ကပ်လျှက်ရှိ ဦးညွှန်တင့်၏ (၄)ပင် ပတ်လည်၊ ဝါးကပ်မိုး၊ ထရံကာနှင့် ဦးမြင့်စန်း၏ (၃)ပင်၊ မြေစိုက်၊ ဝါးထရံကာ၊ သက်ကယ်မိုးနေအိမ် တို့ အား မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် ရွာသူ/သား (၅ဝ)ဦးခန့်မှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နေ့လည် (၁း၂၀) အချိန်မီးညွန့်ကျိုး၍ နေ့လည် (၁) နာရီခွဲအချိန် မီးလုံးဝငြိမ်းသွားခဲ့ပြီး စုစုပေါင်းတန်ဘိုး ၁၃၅,ဝဝဝိ/-ခန့် ဆုံးရှုံးသွားခဲ့ကြောင်း သိရှိရသည်။

မီးပေါ့ဆစွာသုံးစွဲသူ ဦးစိန်မြသန်း (၇၂) နှစ်အား ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်း(ပ) ၃၈/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment