Monday, June 1, 2015

၂၀၁၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့ နံနက် (၁၀) နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်း မြို့နယ်၊ နတ်တပ်ကျေးရွာအုပ်ချုပ်ရေးမှူးမှ ၎င်းကျေးရွာနေ ဆန်းဝင်းဌေး (၂၁)နှစ်ထံတွင် သော့မပါဘဲ ဆိုင်ကယ်တစ်စီး လက်ဝယ်တွေ့ရှိကြောင်း သတင်းပေးချက်အရ တညောင်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင် များမှ သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။ 

နတ်တပ်ကျေးရွာနေ ဆန်းဝင်းဌေး(၂၁)နှစ်၏လက်ဝယ်၌ ဒါရမ်း-၁၁ဝ၊ အနက်ရောင်၊ စတစ်ကာ နီညိုရောင် ကပ်၊ ဒူးကာမပါ၊ သော့မပါ၊ ဆော့ကဒ်ပြုတ်လျှက် လက်ဝယ်တွေ့ရှိရ၍ စစ်ဆေးမေးမြန်းခဲ့ရာ ၎င်း ပိုင် ဆိုင်ကြောင်းအထောက်အထား တစ်စုံတစ်ရာပြောဆိုနိုင်ခြင်းမရှိသည့်အပြင် နေအိမ်အဆောက်အဦ တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် ဆန်းဝင်းထွေးအား စလင်းမြို့နယ်၊ တညောင် နယ်မြေ ရဲစခန်း (ပ)၁၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video