Monday, June 1, 2015

၂၀၁၅ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ည (၁၀း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ရဲတပ်ဖွဲ့ မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် စလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ မကျီးပင်ပု ရွာ မြောင်းဘောင်အနီးတွင် တရားမ၀င် ခိုင်းနွားများ သယ်ဆောင်လာကြောင်း သတင်းအရ သွားရောက် စောင့်ဆိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။ 

ထိုသို့ စောင့်ဆိုင်းနေစဉ် စလင်းမြို့နယ် ၊ စွန်ကျွန်းညိုရွာနေသူများဖြစ်ကြသော ဟန်ဝင်းအောင် (၄၃)နှစ် ၊ ကျော်နိုင်ထွန်း(၂၄)နှစ်၊ ဇင်ဇင်မောင် (၂၁)နှစ်တို့ (၃) ဦးသည် ပွင့်ဖြူမြို့နယ်ဘက်မှ ခိုင်းနွား (၈)ကောင် အား ရေနံချောင်းမြို့နယ်သို့ ပို့ဆောင်ရန် သယ်ဆောင်လာကြောင်း တွေ့ရှိရ၍ စစ်ဆေးခဲ့ရာ သက်ဆိုင်ရာ ဌာနများ၏ သယ်ယူခွင့်စာရွက်စာတမ်း အထောက်အထားများ တစ်စုံတစ်ရာမပါရှိဘဲ သယ်ဆောင် လာကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဟန်ဝင်းအောင်ပါ(၃)ဦးအား စလင်းမြို့နယ်၊ မြို့မ ရဲစခန်း (ပ) ၅၁/၂ဝ၁၅၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အမှုရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video