Monday, June 1, 2015

၂၀၁၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ်(၁၅/၂ဝ၁၅)ဖြင့် ကင်ပွန်းတောင်အုပ်စု၊ သပြေပင် ကျေးရွာနေ လှစိုး(၄၆)နှစ်၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ နေအိမ်အောက်တွင် တစ်ရွာ တည်းနေ မောင်ဝင်းလေး(၅၅)နှစ်၊ အောင်ဌေးဦး(၂၅)နှစ်၊ ညွန့်လှိုင်(၅၉)နှစ်တို့သည် အိမ်ရှင်လှစိုးနှင့်အတူ ဖဲရိုက် လောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိရပြီး လောင်းကစားရာတွင် အသုံးပြုသည့် ပုဂံပြား (၂)ချပ် ၊ ကော်ခြင်း(၂)လုံး၊ စောင်အဟောင်း (၁)ထည်၊ Playing Cards စာတမ်းပါဖဲချပ် (၆၄)ချပ် ၊ လောင်းကြေး ငွေ ၁၄,၆ဝဝိ/-နှင့် ဆိုင်ကယ် (၄)စီးတို့အား သိမ်းဆည်းရမိသဖြင့် ဖဲရိုက်လောင်းကစားသူ လှစိုးပါ (၄)ဦးအား တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်း (ပ)၈၅/၂ဝ၁၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၃(က)/၁၄(က) အရ အမှုဖွင့်အရေးယူဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။

အလားတူ ၎င်းနေ့ နေ့လည် (၁း၄၅) အချိန် ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် ရေစကြိုမြို့၊ အမှတ်(၁)သုခဝတီရပ်ကွက်တွင် ဖဲလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၉/၂ဝ၁၅)ဖြင့် အမှတ် (၁)သုခဝတီရပ်ကွက်နေ ဦးမောင်မောင်သိန်း(၅၉)နှစ်၏နေအိမ်သို့ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ် ဧည့်ခန်း တွင် ဦးမောင်မောင်သိန်း၊ တစ်ရပ်ကွက်တည်းနေ အောင်ဇော်ဝေ(၃၁)နှစ်နှင့် ငါးရာပြည့်ရပ်နေ ဝင်းအောင် (၄၈)နှစ်တို့သည် ဖဲလောင်း ကစားခြင်းပြုလုပ်နေပြီး အပြာရောင်အစင်းပါ ဖဲချပ် (၁ဝ၈)ချပ် ၊ လောင်းကြေးငွေ ၁၇,၃ဝဝိ/-၊ ဦးဂျမ်းတံဆိပ်ပါ ပုဆိုးအဟောင်း(၁)ထည်အား သိမ်းဆည်းရမိသဖြင့် ဦးမောင်မောင်သိန်းပါ (၃)ဦးအား ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း(ပ)၇၄/၂ဝ၁၄၅ ၊ လောင်းကစားဥပဒေ ပုဒ်မ ၁၃(က)/၁၄(က) အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video