၂၀၁၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ နံနက် (၁၀း၄၅) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်း ဆောင် ရွက်နေစဉ် ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးရှိ `မေသူစံ´ စတိုးဆိုင်တွင် ဈေးဝယ်သူ အမျိုးသမီး တစ်ဦးမှ ခြေ အိတ်ထုပ် ခိုးယူသွားကြောင်း၊ လူမြင်လျှင်မှတ်မိကြောင်း စတိုးဆိုင်ပိုင်ရှင် ဒေါ်သူဇာဝင်း (၄၃)နှစ်မှ ပြောပြ သိရှိရ၍ ဆိုင်ရှင်နှင့်အတူ လိုက်လံစုံစမ်း ရှာဖွေရာ ပတ္တမြားဈေးအနီး ရတနာလမ်းသွယ်(၃)ရှိ ဦးကြည်မောင် ၏ နေအိမ်ရှေ့ ကွပ်ပျစ်ပေါ်တွင် အဆိုပါ အမျိုးသမီးအား တွေ့ရပြီး ၄င်းမှာ ဆိပ်ဖြူမြို့၊ အမှတ်(၄) ရပ်ကွက်နေသူ မသီသီမာ(၄၃)နှစ် ဖြစ်ကြောင်းသိရှိရပြီး ၄င်း၏ထန်းခေါက်ခြင်းနှင့် ဆာလာအိတ် အတွင်းမှ ခြေအိတ်အဖြူရောင် (၁)ကဒ်လျှင် (၁၂)စုံပါ(၁၀)ကဒ်၊ အစိမ်းရောင် လုံချည် (၁)ထည်၊ ရွှေဝါဆပ်ပြာတောင့် (၃)တောင့် (တန်ဘိုး-၄၈၂၅၀ိ/-)အား တွေ့ရှိရပြီး ၄င်းပစ္စည်းများ မှာ `မေသူစံ´ စတိုးနှင့် အခြားဆိုင်များမှ ခိုးယူခဲ့သောပစ္စည်းများ ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် မသီသီမာ အား အရေးယူပေးပါရန် ၁.၆.၂၀၁၅ ရက်နေ့တွင် ဒေါ်သူဇာဝင်းမှ တရားလိုပြုလုပ်တိုင်တန်း သဖြင့် ဆိပ်ဖြူမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ အရ အမှုဖွင့်အရေး ယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
Tuesday, June 2, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment