Sunday, May 31, 2015

အောင်လံ မေ ၃၀
         
          အောင်လံမြို့နယ် ဒါးစမ်းကျေးရွာတွင် ယမန်နေ့ ည(၇း၀၀)နာရီ  အချိန်က လမ်းပိတ်ထားခြင်းကို  ဖယ်ခိုင်းရာမှအချင်းများပြီး ဒါးဖြင့်ခုတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
          အမှုဖြစ်စဉ်မှာ တရားလို မမယ်နီ(ခ)မအေးအေးနွယ်(၃၃)နှစ်(ဘ) ဦးစံမြိုင်ဒါးစမ်းကျေးရွာနေသူ သည်  ၎င်း၏ခင်ပွန်ုးဖြစ်သူ ကိုသိန်းဇော်(၃၈)နှစ် (ဘ)ဦးမြ၀င်း ဒါးစမ်းကျေးရွာနေသူနှင့် အတူ ရွာလယ်ရေတွင်းတွင်  ရေချိုးရန် ထွက်လာခဲ့ရာ နေအိမ်ခြေရင်းဘက် လမ်းပေါ်အရောက်   သွားနေကြလမ်းအား   ပိတ်ထားသည်ကိုတွေ့ရ၍    ကိုသိန်းဇော်မှ‘’ဘယ်သူပိတ်ထားတာလဲ’’ ဟု မေးမြန်းသောအခါ ထွန်းလင်း(ခ)ဇော်ထက် (၃၆)နှစ် (ဘ) ဦးဇော်ဝင်း ဒါးစမ်းကျေးရွာနေ
သူနှင့် ၎င်း၏ဇနီးဖြစ်သူ မခင်စန်းဌေး (၃၂)နှစ် (ဘ)ဦးစိန်ကျော် ဒါးစမ်းကျေးရွာနေသူတို့ရောက်လာပြီး ကိုသိန်းဇော်နှင့်အပြန်အလှန်စကားများနေသောကြောင့် မမယ်နီမှ ခင်ပွန်းဖြစ်သူ ကိုသိန်းဇော်အား ပြန်ခေါ်နေစဉ် ဇော်ထက်မှ အသင့်ပါလာသော အရိုးအသွား နှစ်တောင်ခန့်ရှိ  ဒါးဦးပြတ်နှင့် ခုတ်သဖြင့် ကိုသိန်းဇော်၏  ယာဘက်ဒူးခေါင်း ပြတ်ရှဒဏ်ရာတစ်
ချက်ရရှိခဲ့ပြီး ကိုသိန်းဇော်နှင့် ဇော်ထက်တို့ လုံးထွေးသတ်ပုတ်နေစဉ် ဇော်ထက်လက်ထဲမှ ဒါးလွတ်ကျရာ မခင်စန်းဌေးမှဒါးကိုကောက်ယူပြီးခုတ်သောကြောင့်ကိုသိန်းဇော်၏၀ဲဘက်တံတောင် ပြတ်ရှဒဏ်ရာ
တစ်ချက်ဝဲလက်ပြင် ပြတ်ရှဒဏ်ရာတစ်ချက်ရရှိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ ဇော်ထက်နှင့် မခင်စန်းဌေး တို့အား အရေးယူပေးပါရန်တိုင်ကြားသဖြင့်   ၎င်းတို့ နှစ်ဦးအား ဒုရင်္ဂဗိုလ်ရဲစခန်းမှ အမှုအမှတ်(ပ)
၁၉ / ၂၀၁၅  ပြစ်မှုပုဒ်မ ၃၂၄ အရ အမှုဖွင့်အရေးယူထားကြောင်းသိရသည် ။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video