ထီးလင်း မေ ၃၀
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျားခဲကျေးရွာနှင့် အကြည်ဘန်းကျေးရွာတို့တွင် မေ ၃၀ ရက်ညနေက လေပြင်းတိုက်ခတ်မှုဖြစ်ပွါးရာ ကျားခဲကျေးရွာတွင် သွတ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ် ၁၀ လုံး၊ ကျေးးရွာအုပ် ချုပ်ရေးမှူးရုံး အပါအဝင် သက်ကယ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ် ၃ လုံးတို့ အမိုးလန်ပျက်စီးသွားကြောင်းနှင့် အကြည်ဘန်းကျေးရွာတွင် လောကမာရဇိန်စေတီတော် ထီးတော်မြေခသွားကာ ဘုရားအာရုံခံသွတ်မိုးဆောင် ၁ ဆောင်၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းဆွမ်းစားဆောင် ၁ ဆောင်၊ သွပ်မိုး၊ အုတ်ညှပ် အထက(ခွဲ) နှစ်ထပ်ကျောင်း ဆောင် ၁ ဆောင် ၊ ပျဉ်ကာ၊ပျဉ်ခင်း သက်ကယ်မိုးဆောင် ၁ ဆောင်တို့နှင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း လူနေအိမ် ၄ လုံး၊ သက်ကယ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၄၄ လုံး၊ သုဿန်ဇရပ်သွပ်မိုးတို့ အမိုးလန်ပျက်စီးသွားကြောင်း သိရသည်။
ထိုသို့လေပြင်းတိုက်ခတ်သဖြင့် ကျားခဲရွာတွင် ၃၃၉၃၇၀ ကျပ်ခန့် နှင့် အကြည်ဘန်းရွာတွင် ၂၀၆၁၈၀၀ ကျပ်ခန့် ဆုံးရှုံးမှုရှိကြောင်း သိရသည်။
Sunday, May 31, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment