Sunday, May 31, 2015

အောင်လံ မေ ၃၀
         
          မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၊  မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်အတွင်းရှိ ရုံး    ၊ ရဲစခန်းများမှတပ်ဖွဲ့ဝင်တို့၏ သား/သမီး ၊  တက္ကသိုလ် ၊ အထက်တန်း ၊ အလယ်တန်း၊မူလတန်း 
 ကျောင်းသား/ကျောင်းသူများအား၂၀၁၅/၂၀၁၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် စာရေးကရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်
နေ့ နံနက် (၁၀း၀၀)နာရီအချိန်က အောင်လံမြို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
          အခမ်းအနားတွင်  မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးတင်ကိုကိုမှ  တက္ကသိုလ်ကျောင်းသား/ကျောင်းသူ
တစ်ဦးလျှင် ငွေ(၃၀၀၀)ကျပ် ဗလာစာအုပ် (၁)ဒါဇင် ဖြင့် (၁၄)ဦး (၄၂၀၀၀)ကျပ်နှင့် ဗလာစာအုပ် (၁၄)ဒါဇင် ၊ အထက်တန်း  ကျောင်းသား/ကျောင်းသူတစ်ဦးလျှင် ငွေ(၂၀၀၀)ကျပ်   ဗလာစာအုပ် (၁)ဒါဇင် ဖြင့် (၁၂)ဦး (၂၄၀၀၀) ကျပ်နှင့်    ဗလာစာအုပ် (၁၂)ဒါဇင် ၊ အလယ်တန်းကျောင်းသား /ကျောင်းသူတစ်ဦးလျှင် ငွေ(၁၅၀၀)ကျပ် ဗလာစာအုပ် (၁)ဒါဇင် ဖြင့်    (၂၀)ဦး
(၃၀၀၀၀)ကျပ်နှင့် ဗလာစာအုပ် (၂၀)ဒါဇင် ၊ မူလတန်းကျောင်းသား/ကျောင်းသူတစ်ဦးလျှင် ငွေ(၁၀၀၀)ကျပ် ဗလာစာအုပ် (၁)ဒါဇင် ဖြင့် (၂၇)ဦး (၂၇၀၀၀)ကျပ်နှင့် ဗလာစာအုပ် (၂၇)ဒါဇင် စုစုပေါင်း ငွေ (၁၂၃၀၀၀)ကျပ်နှင့်ဗလာစာအုပ်(၇၃) ဒါဇင်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video