Sunday, May 31, 2015
2:17 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဆင်ပေါင်ဝဲ မေ ၃၁
ဆင်ပေါင်ဝဲမြို့၌ (၂/၂၀၁၅) မြို့နယ် အခြေပြု မူလတန်း ဆရာအတတ်ပညာ သင် တန်း ဆင်းပွဲ ကို ယနေ့နံနက် ၉နာရီက မြို့ နယ် အခြေခံပညာ အထက်တန်းကျောင်း ရန်အောင်မြေခန်းမ ၌ကျင်းပသည်။
အခမ်းအနားတွင် သင်တန်းသား/သူများက မြန်မာ ကျောင်း သီချင်း ဖြင့် အခမ်းအနားအား သီဆိုဖွင့် လှစ်ပေး ပြီး နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပညာ ရေး မှူး ဦးကျော်ငွေက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေး မှူး က ဆုရရှိသော သင်တန်းသား/ သူများ အား ဆုချီးမြှင့်ပေးသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ် ဖွံဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ ကျောင်းဆရာ၊ဆရာမများ၊ သင်တန်းသူ/သားများ တက်ရောက် ကြသည်။
အဆိုပါ သင်တန်းအား (၄ -၅- ၂၀၁၅) ရက်နေ့ က စတင် ၍ သင်တန်းသား/သူ(၁၇၄)ဦး တို့အား ဆရာအတတ် ပညာ သင်တန်းမဲ့ နေ့စားလပေး ဆရာဆရာမတို့ ဆရာအတတ်ပညာ ပြည့်ဝ၍ သင်ကြားရေး စွမ်းရည် မြင့်မားလာစေရန် ရည်ရွယ် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment