Friday, May 29, 2015

၂၀၁၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့ ညနေ (၀၆း၄၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာမှ စဘေကန်ကျေးရွာသွား ကားလမ်းပေါ်ရှိ ကျေးရွာများတွင် လှည့်လည်၍ တရားမ၀င်ချဲထီများ   လိုက်လံရောင်းချနေကြောင်း သတင်းအရ ဗဟင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် သက်သေများနှင့်အတူ ဗဟင်းရွာအနီးတွင် စောင့်ဆိုင်းနေစဉ် စဘေကန် ကျေးရွာဘက်မှဗဟင်းကျေး ရွာဘက်သို့ မောင်းနှင်လာသော ကန်ဘို ၁၂၅ အစိမ်းရောင် ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်စီး လာသူမှာ မြိုင်မြို့နယ်၊ ၀ယ်တောင်ကျေးရွာနေသူ စန်းလင်း (၄၃)နှစ် ဖြစ်ပြီး ၎င်းစီးလာသော ဆိုင်ကယ် တူးဘောက်အတွင်းမှ ချဲထီလောင်းကစားရာတွင်အသုံးပြုသော  လောင်းကစား စာရွက်စာတမ်း များနှင့် လောင်းကြေးငွေစက္ကူ ရောရာ၁၀၈၀၀ိ/-တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့်တရားမ၀င်ချဲထီ  လောင်းကစား ပြုလုပ်သူ စန်းလင်း အား မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်း (ပ)၄၆/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) အရ အမှုရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သတင်း ရရှိပါသည်။

အလားတူ ၂၀၁၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့ ညနေ (၃)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မကွေးမြို့၊ ချမ်းမြေ့သာယာ ရပ်ကွက်၊ (၁)လမ်းနေသူ ဦးစိုးမြင့် (၅၇)နှစ် ၏ နေအိမ်တွင် နှစ်လုံးထီ/သုံးလုံး ထီ  လောင်းကစားပြု  လုပ် နေကြောင်း သတင်းအရ သက်သေ များနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏  လောင်း ကစားဖမ်းဝရမ်း အမှတ် ၂၀/၂၀၁၅ ဖြင့် ၀င်ရောက် ရှာဖွေရာ နေအိမ်အပေါ်ထပ် ဧည့်ခန်းအတွင်းမှ နှစ်လုံးထီ/ သုံးလုံး ထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် လောင်းကြေးငွေ စက္ကူရောရာ ၁၈၃၅၀ိ/- တို့အား တွေ့ရှိသိမ်းဆည်း ရမိသဖြင့် တရားမ၀င် နှစ်လုံးထီ/ သုံးလုံးထီ လောင်းကစားပြုလုပ်သူ ဦးစိုးမြင့် အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၉၉/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video