Friday, May 29, 2015

၂၀၁၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့ နေ့လည်(၁၂း၂၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့မ ရဲစခန်း၏အရှေ့ဘက် (၁၀)မိုင်ခန့်အကွာ မန္တလေး-ဂန့်ဂေါ ကားလမ်းပေါ်တွင် ခရီးသည်တင် မှန်လုံယာဉ်(၁)စီး မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ဂန့်ဂေါ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဆွေ နှင့် ဂန့်ဂေါမြို့မရဲစခန်းမှူး ဒုရဲမှူး ကြည်ငွေ ဦးစီး(၃+၅)ဦးတို့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း၊

ဖြစ်စဉ်မှာ ၁၂၁၅ အချိန်ခန့်တွင် မန္တလေး-ဂန့်ဂေါ ကားလမ်း မိုင်တိုင်အမှတ် (၉၈/၅)နှင့် (၉၈/၆) အကြား၊ မဲကျေးရွာအနီးတွင် မန္တလေး ဘက်မှ ဂန့်ဂေါဘက်သို့ ဂန့်ဂေါမြို့၊ မြောက်ကုန်း ရပ်ကွက်နေသူ ယာဉ်မောင်း အောင်ဇော်ထွဋ် (၂၅)နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ် ၄ခ/xxxx “မြစ်သာမန်း” ခရီး သည် တင် မှန်လုံယာဉ်သည် ခရီးသည် ကျား(၅)ဦး၊ မ(၆)ဦး၊ ပေါင်း(၁၁)ဦး၊ ယာဉ်ကြီးကြပ်(၁)ဦး၊ ယာဉ်နောက် လိုက်(၁)ဦး၊ စုစုပေါင်း(၁၄)ဦးတင်ဆောင် မောင်းနှင်လာစဉ် ကားအင်ဂျင်စက်ခန်းမှ ၀ါယာ လျှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး ရဲတပ်ဖွဲ့ဝင်(၈)ဦး၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီး မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦးတို့မှ မြို့နယ်မီးသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး တို့ဖြင့် ၁၂၂၅ အချိန်ရောက်ရှိပြီး မီးငြိမ်းသတ် ခဲ့သဖြင့် ၁၃၂၀ အချိန် မီးလုံးဝငြိမ်းသွား ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ယာဉ်၏ အင်ဂျင်ပိုင်းများနှင့် ယာဉ်ပေါ်ပါ ကုန်ပစ္စည်း အနည်းငယ်တို့ မီးလောင် ကျွမ်းခဲ့သဖြင့် ဆုံးရှုံးမှုတန်ဘိုး စုစုပေါင်း သိန်း(၈၀)ခန့် ဆုံးရှုံးခဲ့ပြီး လူ/တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်းသိရှိရပါသည်။ယာဉ်မဆင်မခြင် မောင်းနှင်၍မီးလောင်မှု ဖြစ်ပွားစေသူယာဉ်မောင်း  အောင်ဇော်ထွဋ် အား ဂန့်ဂေါ မြို့မရဲစခန်း (ပ)၅၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရအမှုဖွင့်အရေး ယူ ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video