၂၀၁၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့ ညနေ(၄) နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာ အနောက်ဘက် (၁)မိုင်ခန့် အကွာ ကြီးအုံကြီးဝတမံမှ မဲဇလီရွာသွား မြေနီလမ်းပေါ်တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ၄င်းလမ်း အတိုင်း ကြီးအုံကြီးဝတမံ ဘက်မှ မဲဇလီရွာဘက်သို့ ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာ နေသူ ယာဉ်မောင်း မောင်ဇော်(၃၉)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ် တွင် ကျောက်ချအလုပ်သမား ကျား(၄)ဦး၊ မ(၈)ဦး၊ ပေါင်း(၁၂)ဦးလိုက်ပါလာသော 2J/xxxx SKART FAW အပြာရောင်ယာဉ်သည် စေတုတ္တရာမြို့နယ်၊ ညောင်ကုန်းရွာလမ်းသို့ ကျောက်များချပြီး ပြန်လာ စဉ် ပွင့်ဖြူမြို့ နယ်၊ လယ်မရွာ အနောက်ဘက် ဒဟတ်ကုန်းလမ်း အဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ပြီး ယာဉ်ပေါ်ပါ ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာနေသူ မသန်းသန်းနွယ် (၂၈) အပါအ၀င် (၁၂)ဦးလုံးတွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ မောင်ဇော်အား ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၂၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
Friday, May 29, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment