Friday, May 29, 2015


ကျောက်ထု မေ ၂၈
    မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အထူးစီမံချက်(ယင်းမာ)ကို ၂၀၁၅ ခုနှစ် မေ ၂၆ ရက်မှ ဇွန် ၂၆ ရက်ထိ တစ်လတာအထူးကာလအဖြစ် သတ်မှတ်ဆောင်ရွက်လျှက်ရှိရာ မူးယစ်ဆေးဝါးနှင့် စိတ်ကို  ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော ပွဲကို မေ၂၇ရက်နံနက်၉နာရီကဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ လေးကျေးရွာဓမ္မာရုံတွင်  ကျောက်ထုမြို့
 ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည်။  အဆိုပါအခမ်းအနားတွင် ကျောက်ထုမြို့အုပ်ချုပ်ရေးမှူးဦးသူရိန်အောင်ကအမှာစကားပြောကြားပြီး ပြည်သူ
လူထုပါဝင်သော မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများ၊ ကျောက်ထုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှူး ဦးအေးလင်းက မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ ကျောက်ထု ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်ခင်မောင်ရွှေက မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ပြစ်မှုပြစ်ဒဏ်များတို့ကို အသီးသီးရှင်းလင်း ဟောပြောကြ သည်။
    အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာ ဝန်ရှိသူများနှင့် ပြည်သူများ ၁၅၀ ဦးခန့်တို့တက်ရောက်ကြကြောင်းနှင့် ဟောပြောပွဲတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ ဂန့်ဂေါမြို့။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video