Tuesday, May 26, 2015

၂၀၁၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့ ည (၁၁း၄၅) အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ တောင်တွင်းကြီးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဦးရဲကျော်၏ နေအိမ်၌ဖဲရိုက်လောင်းကစားပြုလုပ် နေကြောင်း သတင်းအရ တောင်တွင်းကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ တောင်တွင်းကြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ်(၁၃/၂ဝ၁၅) ဖြင့် ဦးရဲကျော်၏ လူမနေ ကျူးကျော် တဲအိမ်အား ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။

 တောင်တွင်းကြီးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဦးရဲကျော်၏တဲအတွင်း၌ တောင်တွင်းကြီးမြို့၊ အုန်းတော (၂)ရပ်ကွက်နေ လှမြင့်ကျော်(ခ)ကိုကျော်၊ ၄၅နှစ်၊ အုန်းတော(၁)ရပ်ကွက်နေ လှမင်းစိုး (၃၂)နှစ်နှင့် တစ် ရပ်ကွက်တည်းနေ မောင်ဦး(၅၂)နှစ်၊ ခိုင်ကြီး(၄၅)နှစ်၊ စိုးနိုင်(၄၂)နှစ် တို့(၅)ဦးအား ဖဲချပ် (၅၂)ချပ် ၊ ကြွေ ပန်းကန်ပြား(၁)ချပ်၊ ပုဆိုးဟောင်း(၁)ထည်နှင့် လောင်းကြေးငွေရောရာ ၃၃၉ဝဝိ/- တို့နှင့် အတူ တွေ့ရှိ သိမ်းဆည်းရမိသဖြင့် ဖဲရိုက်လောင်းကစားပြုလုပ်သူ လှမြင့်ကျော်ပါ(၅)ဦး အား တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်း(ပ)၁၈၄/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ၁၃(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video