၂၀၁၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့ နေ့လည် (၁၂) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ကွက်သစ်ရပ်ကွက်တွင် ဓါတ်လိုက်သေဆုံးကြောင်းသတင်းအရ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်အားစစ်ဆေးရာ မြို့သစ်မြို့၊ ကွက်သစ်ရပ်ကွက်နေ ဦးဘိုစံ(၅၅)နှစ်နှင့် ၄င်း၏ဇနီးဖြစ်သူ ဒေါ်စောရီ ၊ ချွေးမဖြစ်သူ မသဇင်ဝင်း၊ အလုပ်သမား ဇော်ဇော်အောင်၊ ဇင်ကိုတို့နှင့် အတူရှိနေစဉ် နေအိမ် ခြံဝန်း အတွင်း အသေးစားရေသန့်စက်ရုံ တည်ဆောက်ရန် အလုပ်လုပ်ကိုင်နေသည့် ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကစင်ကျေးရွာနေ အေးထွန်းအောင် (ခ) အသေးလေး၊ ၂၅နှစ်မှ တည်ဆောက် ၊ နေဆဲ ရေသန့်စက်ရုံအတွင်း နံရံသံတန်းများအား လျှပ်စစ်လွန်စက်ဖြင့် အပေါက်ဖောက် နေစဉ် ၄င်းလွန်စက်နှင့်ဆက်သွယ်ထားသည့် လျှပ်စစ်ဝါယာကြိုးအဆက်နေရာ အားဝဲလက်ဖြင့် ကိုင်မိ သဖြင့် ဓါတ်လိုက်ကာ ''အား၊ ကယ်ကြပါအုံး''ဟု အော်သံကြားသဖြင့် ဇင်ကိုမှ သွားရောက် ကြည့်ရှုရာ အေးထွန်းအောင် (ခ)အသေးလေး၏ ဝဲလက်မထိပ်နှင့် လက်ညိုးတို့၌ အပူလောင်ဒဏ်ရာများဖြင့် ပက်လက်လန်လဲကျနေသည်ကိုတွေ့ရှိရ သဖြင့် ဆေးရုံသို့ မြင်းလှည်းနှင့်ပို့ဆောင်စဉ် လမ်းတွင် သေဆုံး သွားသဖြင့် ၄င်းသေဆုံးခြင်းမှာဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်စစ်ဆေးနိုင်ရန် မြို့သစ်မြို့နယ်၊ မြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၄/၂ဝ၁၅)ဖြင့်ရေးဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment