Tuesday, May 26, 2015

၂၀၁၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေသတင်းစုံစမ်းနေစဉ် တမာပင် ရပ်ကွက်၊ ဘုန်းကြီးကျောင်းရှေ့လမ်းကြားအရောက်တွင် လူတစ်ဦးအား ယာယီ/၇၂၅ အမ်ဘို ၁၂၅ အနက်ရောင်ဆိုင်ကယ်နှင့်အတူတွေ့ရှိသဖြင့် မေးမြန်းခဲ့ကြောင်း သိရှိရသည်။ 

၎င်းမှာ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာနေ မင်းသူ(၂၄)နှစ်ဖြစ်ကြောင်းသိရှိရပြီး ၄င်းစီးလာသော ဆိုင်ကယ်နှင့် ပတ်သက်၍မေးမြန်းရာ ပိုင်ဆိုင်ကြောင်းအထောက်အထား တစ်စုံတစ်ရာပြောပြနိုင်ခြင်း မရှိသဖြင့် ဆိုင်ကယ်အားတစ်နေရာမှခိုးယူလာသည်ဟု မသင်္ကာသူ မင်းသူအား နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း(ပ)၆၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/၅၄အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video