Tuesday, May 26, 2015

၂၀၁၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့ နံနက် (၀၀း၃၀) အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့၊ ရန်အောင်မြင်ရပ်ကွက်၊ ကားဂိတ်တွင် မြရတနာ ကားဂိတ်အပါအဝင် ဆိုင်ခန်း(၇)ခန်း နှင့် ရန်အောင်မြင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး(၁)ရုံးတို့အား မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ ပါသည်။

 ဖြစ်စဉ်မှာ နတ်မောက်မြို့၊ ရန်အောင်မြင်ရပ်ကွက်၊ ကားဂိတ်ရှိ နတ်မောက်မြို့၊ ရန်အောင်မြင် ရပ်ကွက်နေ မသိင်္ဂီ (၄၇)နှစ်၏ ဆံပင်အလှပြုပြင်ရေးဆိုင်အတွင်းရှိ ထမင်းပေါင်းအိုး၊ ပန်ကာနှင့် လျှပ်စစ်ပစ္စည်းများ အပူလွန်ကဲရာမှ ကားဂိတ်အပါအဝင် ဆိုင်ခန်း(၇)ခန်း နှင့် ရန်အောင်မြင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး (၁)ရုံးတို့အား မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နတ်မောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်နှင့် အဖွဲ့၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကူးမားဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစောမောင်ပါ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများမှ ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ ဝဝ၄၅ အချိန် မီးညွှန့်ကျိုးသွားပြီး ဝ၁၃ဝ အချိန် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် တန်ဘိုး ၉၉ဝဝဝဝိ/-ခန့် ဆုံးရှုံးခဲ့သဖြင့် လျှပ်စစ်မီး ပေါ့ဆစွာအသုံးပြုသူ မသိင်္ဂီအား နတ်မောက် မြို့နယ်၊ မြို့မရဲစခန်း(ပ) ၆၆/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။ 



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video