၂၀၁၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ချောက်မြို့၊ အမှတ်(၁၅)ရပ်ကွက်၊ စံပြမြို့သစ်ရပ်(တောင်ပိုင်း)တွင် နေအိမ်မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ချောက်မြို့၊ အမှတ် (၁၅)ရပ်ကွက်၊ စံပြမြို့သစ်ရပ် (တောင်ပိုင်း)နေ ဒေါ်ဝင်း(၅၈)နှစ်၏ (၃)ပင်၊ ပတ်လည်ထန်းရွက်မိုး၊ ထရံကာမြေစိုက်နေအိမ်အား နေအိမ်မီးဖိုမီးကြွင်းမီးကျန်မှ မီးစတင် လောင်ကျွမ်း ခဲ့ရာ ချောက်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ချောက်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များ၊ ရပ်ကွက်သူ/သား(၅ဝ)ဦးတို့ဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ၁ဝ၁ဝ အချိန် မီးလုံးဝငြိမ်းသွားပြီး မီးလောင် မှုကြောင့် တန်ဘိုး ၃၆ဝဝိ/-ခန့်ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်ဝင်းအား ချောက်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၉၄/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment