Monday, May 25, 2015



ဆိပ်ဖြူ     မေ      ၂၄
    မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် လက်ဆည်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် အသစ်တည်ဆောက်သည့် စာသင်ခန်းသုံး ခန်းပါ ပေ ၉၀၊ပေ ၃၀ အာရ်စီတစ်ထပ် ကျောင်းဆောင်သစ်ကို တင်ဒါရ မြခိုင်မာ ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
    အဆိုပါ ကျောင်းဆောင်သစ် တည်ဆောက်ပြီးစီးသောကြောင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူများ ကျောင်းဆောင်သစ်တွင် ပညာသင်ကြားနိုင်မည်ဖြစ်ပြီး ကျောင်းဆောင်သစ် ကို ငွေကျပ်(၄၈၆)သိန်း ကုန်ကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဆိပ်ဖြူမြို့နယ်တွင် အလားတူ  ကျောင်းဆောင်သစ်များ မယ်ဇလီကွေ့ကျေးရွာနှင့် ညောင်ဂွေးဝကျေးရွာအခြေခံပညာအထက်တန်း ကျောင်းများတွင်လည်း
 ကျောင်းဆောင်သစ်များ ဆောက်လုပ်ပြီးစီးနေပြီဖြစ်၍ ဒေသခံ ပြည်သူများက မိမိတို့မျှော်မှန်းထားသည်ထက်အရည်အသွေးမြင့်ပိုမိုကောင်းမွန်သော ကျောင်းဆောင်သစ်များ
 ဆောက်လုပ်ပေးသည့်အတွက် အထူးကျေးဇူးတင် ၀မ်းမြောက်လျက်ရှိကြကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video