Monday, May 25, 2015
4:32 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဂန့်ဂေါ မေ ၂၄
ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းကျေးရွာသည် ဂန့်ဂေါမြို့၏ မြောက်ဘက် ခရီးမိုင် ၄၀ ကျော်အကွာအဝေး တွင်ရှိ၍ ဂန့်ဂေါ- ကလေး၊ ကားလမ်းနှင့် ရထားလမ်းပေါ်တွင်ရှိသည်။ တောင်ခရမ်းရေလှောင်တမံရှိသဖြင့် လယ်ယာချောင်းမြောင်းပေါများကာ စပါးအပြင် အခြားသီးနှံများကို သီးထပ်၊ သီးညှပ်များအဖြစ် စိုက်ပျိုးနိုင်ကြ သည်။ တောင်ခင်ရန်းကျေးရွာတွင် အိမ်ခြေ ၆၀၀ ကျော်ရှိ၍ ပတ်ဝန်းကျင်ကျေး ရွာများပြားသဖြင့် လူသိများ သော ကျေးရွာတစ်ရွာဖြစ်ကာ လူမှုစီးပွါးများ တိုးတက်လျှက်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။
တောင်ခင်ရန်းကျေးရွာရှိ သုတစွယ်စုံစာကြည့်တိုက်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၀၀ ပြည့်နှစ်ကဖွင့်လှစ်ခဲ့သည်။ ကျေးရွာရုံးဝင်းအတွင်း ထရံကာ၊ ပျဉ်ခင်း၊ သက်ကယ် မိုးဖြင့် ဆောက်လုပ်ထားသည်။အဆိုပါစာကြည့်တိုက်သည်ရွာဦးဘုန်းတော်ကြီးကျောင်း၊ ကျေးရွာဆက်
သွယ်ရေးရုံး၊ အထက်တန်းကျောင်း(ခွဲ)တို့ အနီးတွင်ရှိပြီး စာကြည့်တိုက်စတင်ဖွင့်လှစ်သည်မှစ၍ စာကြည့်တိုက်တွင် စာအုပ် ဌားရမ်းဖတ်ရှုနိုင်ကာ စာအုပ်လှူဒါန်းသည်များကိုလည်း လက်ခံဆောင်ရွက်လျှက်ရှိသည်။
စာကြည့်တိုက်ကော်မတီသည် စာအုပ်စာပေ လှူဒါန်းသူများအား ဂုဏ်ပြုလွှာပေးအပ်ခြင်း၊ ဆောင်းပါး ပြိုင်ပွဲနှင့် စာပေဆိုင်ရာပြိုင်ပွဲများကျင်းပ၍ ဂုဏ်ပြုလွှာများပေးအပ်ခြင်းတို့ကို နှစ်စဉ်ဆောင်ရွက်ပေး လျှက်ရှိသည့် အပြင် ၂၀၁၁ ခုနှစ်မှစ၍ စကားရည်လုပြိုင်ပွဲကိုပါ ကျင်းပခဲ့ပါသည်။
ယခုနှစ် စကားရည်လုပြိုင်ပွဲကို မေ ၂၁ ရက်က ရွာဦးကျောင်းဓမ္မာရုံ၌ကျင်းပရာ ‘’စာဖတ်ခြင်းသည် အင်တာနက် သုံးစွဲခြင်းထက် ပို၍ကောင်းသည် ‘’ ခေါင်းစဉ်ဖြင့်ယှဉ်ပြိုင်ကြရာ စာဖတ်ခြင်းအဖွဲ့က အနိုင်ရရှိပြီး တာဝန်ရှိသူများက ပြိုင်ပွဲဝင်များအား ဆုများချီးမြှင့်ကြပါသည်။
တောင်ခင်ရန်းရွာ သုတစွယ်စုံ စာကြည့်တိုက်သည် စာအုပ်ငှားရမ်းခြင်းဖြင့် စတင်ခဲ့၍ စာကြည့်တိုက် တာဝန်ကို ပို၍ပို၍ ထမ်းဆောင်လျှက်ရှိသည့် စာကြည့်တိုက်ဖြစ်သည့်အားလျှော်စွာ ပို၍ပို၍ အောင်မြင်သော စာကြည့်တိုက်ဖြစ်ပါစေကြောင်းနှင် လူသားများအတွက် သုတ၊ ပညာ ၊ ရသများ ပိုမိုပေးစွမ်း နိုင်ပါစေကြောင်း ဆုမွန်ပြုလိုက်ရပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment